Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်ရှိမြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စီးနင်းရာ ဗိုလ်အပါအဝင် စစ်သားနှင့် ရဲ ခြောက်ဦးဖမ်းမိ၊ လက်နက်များရဟု CNF အတည်ပြု

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တိုက်ခိုက်ခံရပါက မြေပြင်မှမလာဘဲ လေကြောင်းကို အားကိုးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

(ဖမ်းဆီးရမိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)
(ဖမ်းဆီးရမိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ် ထန်တလန်မြို့ရှိ CB ဘဏ် အဆောက်အဦး၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အပါအဝင် စစ်ကောင်စီတပ်သာ နှစ်ဦး၊ ရဲ နှစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

“ စီးနင်းပြီးတော့မှ အဲဒီမှာ အထိအခိုက်မရှိဘဲနဲ့ သေနတ် ၈လက်ရယ် ပြီးတော့ စစ်ကောင်စီက စစ်သား နှစ်ဦးနဲ့ ရဲ လေးဦးပေါ့။စစ်သားကတော့ ဗိုလ်အဆင့်ရှိတဲ့တစ်ယောက်ပါတာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စီးနင်းမှုကို CNFနှင့် ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကလည်း နံနက် ၁၀နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တိုက်ခိုက်ခံရပါက မြေပြင်မှမလာဘဲ လေကြောင်းကို အားကိုးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

“ ဒီအတွက် လူထုကသော်လည်းကောင်း ကျွန်တော်တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သော်လည်းကောင်း အတက်နိုင်ဆုံးအတက်နိုင်ဆုံး ဝေဟင် လေကြောင်း လုံခြုံရေးကို အဓိက ပိုပြီး ကြပ်မတ် သတိထားကြဖို့ ပြောချင်တာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

You May Also Like

နိုင်ငံတကာ

ရုရှားဟာ ဘီလားရုစ်မှာ ဖြန့်ကျက်ထားရှိမယ့် နျူကလီးယား လက်နက်တွေကို ထိန်းချုပ်ဖို့အတွက် စစ်သည်တွေကို လေ့ကျင့်ပေးမှုတွေ လာမယ့် သီတင်းပတ်မှာ အစပြုမှာဖြစ်ပြီး ဇူလိုင် ၁ ရက် မတိုင်ခင် ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားရှိမှု ပြီးစီးလိမ့်မယ်လို့ ပူတင်က ပြောကြားသွားပါတယ်။

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။