Connect with us

Hi, what are you looking for?

သတင်း

ရန်သူ့လေကြောင်းကို ဟန့်တားနိုင်ရန် နည်းပေါင်းစုံဖြင့် ကြိုးပမ်းနေဟု NUG ကာကွယ်ရေးဝန်ကြီးပြော

အခြားနည်းလမ်းများကိုလည်း တစ်ပြိုင်တည်း ပြင်ဆင်ဆောင်ရွက်နေသည်ဟုလည်းဆိုသည်။ နိုင်ငံတကာ၏ ပါဝင်မှု ပိုအားကောင်းလာပါကNo Fly Zone သတ်မှတ်​ပေးလာခြင်းအထိမျှော်လင့်လို့ရ​ကြောင်းလည်း ကာကွယ်​ရေးဝန်ကြီးက​ပြောသည်။

​ရွှေပြည်​အေးတိုက်ပွဲတွင် PDF များပစ်ချနိုင်ခဲ့​သော Mi-17 ​နှင့် ပုံစံတူ ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-ABPIC
​ရွှေပြည်​အေးတိုက်ပွဲတွင် PDF များပစ်ချနိုင်ခဲ့​သော Mi-17 ​နှင့် ပုံစံတူ ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-ABPIC

▪︎ရဟတ်ယာဉ်ဟန့်တားနိုင်သည့်လက်နက်များကိုင်တွယ်အသုံးပြုနေ၊ ဂျက်တိုက်လေယာဉ်ဟန့်တားနိုင်မည့် လက်နက်မျိုးရရှိရေးဆက်လက်ကြိုးပမ်းနေဟုအသိပေး

တော်လှန်ရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သည့် ရန်သူစစ်ကောင်စီ၏လေတပ်ကိုဟန့်တားနိုင်ရန်နည်းပေါင်းစုံဖြင့် ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

နိုင်ငံတကာရောက်​​နေ​သောမြန်မာပြည်သူများနှင့် အမျိုးသားညီညွတမ​ရေးအစိုးရ(NUG)မှတာဝန်ရှိသူများ​ဖေ​ဖော်ဝါရီ ၅ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံ၍ ​မေးမြန်း​ဖြေကြားကြ​​သော Myanmar Global Town Hall 2023 “ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ် ဖြေကြမယ် အစီအစဉ်” အစီအစဥ်၌ ဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

မြေပြင်တော်လှန်ရေး ရဲဘော်များ ပြောလေ့ရှိသည့် စကားမှာ စစ်ကောင်စီ၌ လေတပ်မရှိပါက တော်လှန်ရေး အနိုင်ရရှိနေပြီဆိုသည့်စကားဖြစ်ကြောင်းNUGဝန်ကြီးကပြောသည်။

ကရင်ပြည်နယ် ဥကရစ်ထတိုက်ပွဲတွင် စစ်ကာင်စီအသုံးပြုခဲ့​သော ဂျက်တိုက်​လေယာဥ်တစ်စီး ။ဓါတ်ပုံ-CJ
ကရင်ပြည်နယ် ဥကရစ်ထတိုက်ပွဲတွင် စစ်ကာင်စီအသုံးပြုခဲ့​သော ဂျက်တိုက်​လေယာဥ်တစ်စီး ။ဓါတ်ပုံ-CJ

“ကျွန်​တော်တို့တော်လှန်ရေးအတွက်အကြီးမားဆုံးခြိမ်းခြောက်မှုကရန်သူရဲ့ လေတပ်။လေတပ်နဲ့အတူတွဲပြီးပါလာတာက လက်နက်ကြီးပေါ့။ ဒီကိစ္စမှာကတော့စစ်ကောင်စီအနေနဲ့ တော်လှန်ရေး အင်အားစုတွေထက်ပိုပြီး အားသာတဲ့အချက်လို့ ပြောလို့ရတယ်။သို့သော်ရန်သူ့လေကြောင်းကို ဟန့်တားတဲ့အခါ နည်းလမ်းတွေက တစ်ခုမက ရှိလိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်” ဟု ကာကွယ်​ရေးဝန်ကြီးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နည်းလမ်းများအနက် လေယာဉ်ပစ် လက်နက်ရရှိရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရက နည်းလမ်းစုံဖြင့် ကြိုးစားနေကြောင်း ၎င်း ကဆိုသည်။လေကြောင်းဟုဆိုရာတွင်လေယာဉ်နှင့်ရဟတ်ယာဉ်ကိုခွဲခြားပြီးစဉ်းစားရန်လို​ကြောင်းလည်းဆက်​ပြောသည်။

“တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ဂျက်တိုက်လေယာဉ်တွေကို ဟန့်တားဖို့ အခက်အခဲရှိနေသည် ဆိုသည့် တိုင်အောင် ရန်သူရဲ့ ထောက်ပို့အဖြစ်ရော တိုက်ခိုက်ရေးအတွက်ပါ သုံးနေတဲ့ ရဟတ်ယာဉ်မျိုးကို ကျနော်တို့ ဟန့် တားနိုင်ဖိုပ ထိန်းချုပ်နိုင်ဖို့ ထိုက်သင့်တဲ့ စစ်လက်နက်ပစ္စည်းများကိုတော့ ကိုင်တွယ်အသုံးပြု နိုင်နေပြီ ဆိုတာကို ကျွန်​တော်တစ်ပါတည်း အသိပေးလိုပါတယ်။တချိန်တည်းမှာ ဂျက်တိုက်လေယာဉ်တွေကို ဟန့်တား နိုင်မယ့် လက်နက်မျိုးတွေ ရရှိရေးလည်း ဆက်တိုက်ကြိုးစားဆောင်ရွက်နေပါတယ်” ဟု၎င်းကပြောသည်။

စစ်ကိုင်းတိုင်းမှ ပြည်သူတစ်ဦးက “လေယာဥ်တွေပစ်နိုင်ရင် ကောင်းတာပေါ့။ အောက်ကနေစစ်ကြောင်းတွေထိုးလိုက် မီးရှို့လိုက်၊ အပေါ်ကနေ လေယာဥ်နဲ့လာပစ်လိုက်နဲ့ ကိုယ့်မှာလေယာဥ်ပစ်စရာမရှိတော့ ပြန်ပြေးရလိုက်နဲ့ အဆင်မပြေဘူး။ အခုလေယာဥ်ပစ်လက်နက်ရှိတော့ အနည်းအကျဥ်းပေါ့ တော်ရုံနဲ့လေယာဥ်ဝင်မလာရဲဘူးပေါ့။ စစ်ကိုင်းတိုင်းသုံးလေးနေရာလောက် ကောင်းကောင်းလေးရှိရင်အဆင်ပြေပြီ။”ဟုပြောသည်။

အခြားပြည်သူတစ်ဦးကလည်း “လေယာဉ်ပစ်သာရရင် ဟိုကောင်တွေ တက်ရဲမှာမဟုတ်တော့ဘူး။လေယာဉ်ပစ်မရှိပဲ ရှိတယ်လို့မပြောစေချင်ဘူး။အဲ့လိုပြောရင် ဟိုလူတွေက ရီမှာ။

ရှိတယ်ဆိုရင် တစီးလောက်ပစ်ချနိုင်ပြီဆိုမှထုတ်ရှိုးတာပိုကောင်းတယ်။ငါတို့မှာဒါရှိတယ် တက်ရဲရင်တက်ခဲ့လို့ပြောလိုက်တာပိုကောင်း။သူတို့သိတာထက် ပြည်သူတွေအမြင်ရှင်းဖို့လိုတယ်။တခြားနိုင်ငံတကာကန့်သတ်ချက်ရှိရင်တော့ ရှိတယ်ဆိုတာမကြေညာတာကောင်းတယ်။အဓိကက ငှက်ကင်နိုင်ဖို့ပဲလိုတယ်။”ဟုပြောသည်။

​ဖေ​ဖော်ဝါရီ ၁ ရက်ကစတင်​သော ဟုမ္မလင်းမြို့နယ် ၊​ရွှေပြည်​အေးမြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်က အထိနာလာပြီး​နောက် ​လေ​ကြောင်းတိုက်ခိုက်မှုများပြုလုပ်လာရာ​ဖေ​ဖော်ဝါရီ ၃ ရက်ည​နေပိုင်းတွင် PDF များက စစ်​ကောင်စီတပ်၏ Mi-17 ရဟတ်ယာဥ်တစ်စီးကိုပစ်ချခဲ့သည်။​နွေဦး​တော်လှန်​ရေးတွင် PDFများကစစ်​ကောင်စီ ရဟတ်ယာဥ်ကိုပစ်ချနိုင်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုPDF များသည် KIA က​လေ့ကျင့်​ပေးထား​သော KPDF တပ်ဖွဲ့ဝင်များဖြစ်​ကြောင်းလည်း KIO/KIA ပြန်ကြား​ရေးကအသိ​ပေးထားသည်။

အခြားနည်းလမ်းများကိုလည်း တစ်ပြိုင်တည်း ပြင်ဆင်ဆောင်ရွက်နေသည်ဟုလည်းဆိုသည်။ နိုင်ငံတကာ၏ ပါဝင်မှု ပိုအားကောင်းလာပါကNo Fly Zone သတ်မှတ်​ပေးလာခြင်းအထိမျှော်လင့်လို့ရ​ကြောင်းလည်း ကာကွယ်​ရေးဝန်ကြီးက​ပြောသည်။

“ဒီအတွက်လည်း အားလုံး ဝိုင်းပြီး ကြိုးစားရမှာ ဖြစ်တယ်” ဟု ဦးရည်မွန်ကပြောသည်။

မည်သည့် လေတပ်ကလေယာဉ်မည်မှထွက်ခွာသည်ဆိုသည့်သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရယူကာ မြေပြင်က တော်လှန်ရေး အင်အားစုများကို သတင်းဖြန့်ဝေနိုင်ရေး စနစ် ဖော်ဆောင်နိုင်ရန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေသည်ဟုလည်းဆိုသည်။ထို့အတွက်လိုအပ်သည့်စက်ပစ္စည်းဆိုင်ရာ များ နိုင်ငံတကာဘက်မှ အကူအညီ ရရအောင် ကြိုးစားနေသည်ဟုပြောသည်။

ထို့အပြင်လေကြောင်းအန္တရာယ်အတွက်ကာကွယ်ရေး၌ အရေးကြီးသည့် ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စတစ်ခု ဖြစ်သည်။

“ကျွန်​တော်တို့ ရဲဘော်တွေအနေနဲ့လေကြောင်းတိုက်ခိုက်မှုကို ရုတ်တရက် အကာအကွယ်ပြုနိုင်ဖို့ လိုအပ်တဲ့ကတုတ်တွေ၊ ဗုံးခိုကျင်းတွေ၊ လှိုဏ်တွေ ဒီတည်ဆောက်ရေးကိုလည်း ဆက်တိုက်တွန်းအားပေးပြီး ဆောင်ရွက်နေတာရှိတယ်။” ဟုကာကွယ်​ရေးဝန်ကြီးကပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီအား လေယာဉ်ဆီဖြတ်တောက်ပိတ်ဆို့နိုင်ရေး တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေသည်။ KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးကလည်း People’s Spring နှင့်သီးသန့်အင်တာဗျူးတွင် ​လေယာဥ်ဆီဖြတ်​တောက်နိုင်ပါက စစ်​ကောင်စီကိုအမြစ်ဖြတ်​ချေမှုန်းရန်လွယ်ကူသွားပြီဟု​ပြောသည်။

“လက်ရှိမှာ စစ်ကောင်စီ ပြုတ်ကျရေးအတွက် လုပ်ဖို့ လိုအပ်နေတဲ့အပိုင်းတွေက စစ်ရေးဘက်မှာ နေ့စဉ်နဲ့အမျှ ဗုံးကြဲသတ်ဖြတ်နေတဲ့ဟာ အထူး သဖြင့် ဘာနဲ့ တူသလဲဆိုရင် မြွေတစ်ကောင်ကို ခေါင်းဖြတ်ပစ်လိုက်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်​တော်တို့က လုံးပမ်းနေတာ။ ဘာလဲဆိုတော့ ဒီစစ်လေယာဉ်ပျံတွေရဲ့လေယာဉ်ဆီကို ဖြတ်တောက်နိုင်ရေးပဲ။ အဲဒါက အခက်အခဲတော့အများကြီးရှိတယ်။ သို့သော်

ငြားလည်းပဲ ကျွန်​တော်တို့ အချိတ်အဆက်တွေ ဒီထက်ပိုပြီးတော့ သက်ရောက်မှုရှိအောင် ထိရောက်မှု ပိုရှိအောင် ဆက်လုပ်သွားဖို့ရှိတယ်။ အဲဒါကနေ လေယာဉ်ဆီ ဖြတ်တောက်နိုင်ပြီဆိုရင် မြွေတစ်ကောင်ကို ခေါင်းဖြတ်လိုက်တာနဲ့အတူတူပဲ”ဟုKNU ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။