Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဒေသအလိုက်လွတ်မြောက်နယ်မြေဖော်ထုတ်ပြီးတစ်နိုင်ငံလုံးလွတ်မြောက်ရေးဆောင်ရွက်ရန်စီမံထား NUG ကာကွယ်ရေးဝန်ကြီး အသိပေး

(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)
(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)

▪︎စစ်အုပ်ချုပ်ရေးကြေညာရမှုစစ်ကောင်စီအနေဖြင့်ထိန်းချုပ်နိုင်မှုများစွာအားနည်းကြောင်းဝန်ခံခြင်းဖြစ်

▪︎“ဒီမြို့နယ်တွေဆိုရင် စစ်ကောင်စီက သူ့တပ်ရှိတယ်ဆိုရင် တပ်ထဲက အပြင်တောင်မှ ထွက်ရဲတဲ့ မြို့နယ်တွေမဟုတ်တော့ဘူး”

စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာ အစီအစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်ဒေသအလိုက်လွတ်မြောက်ရေး၊ ထိုမှတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်မြောက်ရေးကို ဆောင်ရွက်ရန် စီမံချက်ချထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ကမ္ဘာတစ်ဝန်း​ရောက်​​နေ​သောမြန်မာပြည်သူ များနှင့် အမျိုးသားညီညွတမ​ရေးအစိုးရ(NUG)မှတာဝန်ရှိသူများ​ဖေ​ဖော်ဝါရီ ၅ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံ၍ ​မေးမြန်း​ဖြေကြားကြ​​သော Myanmar Global Town Hall 2023 “ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ် ဖြေကြမယ် အစီအစဉ်” အစီအစဥ်၌ ဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)
(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)

ယခု ရက်ပိုင်း စစ်ကောင်စီက သက်တမ်း ၆လထပ်မံ တိုးမြှင့်ခြင်း၊ မြို့နယ် ၃၇ခုကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းတို့ ပြုလုပ်ခဲ့ရာ ယင်းလုပ်ရပ်များသည် စစ်ကောင်စီ ထိန်းချုပ်နိုင်စွမ်းများစွာ အားနည်းနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။​တော်လှန်​ရေးအင်အားစုများက ရှေ့တွင် တစ်နှစ်စီမံချက်ကို အစီအစဉ်တိုင်း ပိုမိုဆောင်ရွက်မည်ဖြစ်သည်ဟုအသိ​ပေးသည်။

“ဖြစ်လာရင် ပိုပြီးတော့မှ စစ်ကောင်စီကို အထိနာအောင် ဆောင်ရွက်နိုင်လိမ့်မယ်။ ဒီအထဲမှာ စစ်ဒေသအလိုက် လွတ်မြောက်နယ်မြေလို့ ပြောနိုင်တဲ့ ဒေသတွေ ဖော်ထုတ်ရေး ဆိုတာကလည်း အရေးကြီးတဲ့ ရည်မှန်းချက်တွေဖြစ်မယ်။ ဒီအတွက်လည်းအရေးကြီးတဲ့အကောင်အထည်ဖော်မှုတွေအခုကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီ” ဟုကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement
Public Service Announcement

တစ်ချိန်တည်း၌ပင် တစ်နှစ်စီမံချက်အရ ယခုနှစ်အတွင်း မည်သူနိုင်မည် မည်သူရှုံးဆိုသည့် သေချာသည့် အဆင့်တစ်ခု ဖြစ်ပေါ်လာမည်ဟုလည်းဆက်​ပြောသည်။

“ဒီအဆင့်တစ်ခုကို သေသေချာချာ ဖော်ပြပြီးတော့ဒေသအလိုက်သာမကဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လွတ်မြောက်ရေးကိုလည်း ဆက်တိုက် စီမံချက်ချပြီး အကောင်အထည်ဖော်နေတာဖြစ်ပါတယ်” ဟုဦးရည်မွန်ကဆိုသည်။

Public Service Announcement

Public Service Announcement

(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)
(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)

နိုင်ငံတကာကစစ်ကောင်စီအနေဖြင့် အာဏာသိမ်း ၂ နှစ်တာကာလအခြေအနေတွင် နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သည်ကိုလက်ခံလာကြောင်း ဝန်ကြီးကဆက်ပြောသည်။

ဖေဖော်ဝါရီ ၁ရက်က နိုင်ငံတစ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးနှင့် ဆွေးနွေးရာတွင် မြန်မာပြည်သူများ၏ စိတ်အားဓာတ်သန်မှု၊ ညီညွတ်မှုကို သတိပြုမိကြောင်း ထုတ်ဖော်ဆွေးနွေးလာကြောင်းဝန်ကြီးက ပြောပြသည်။

“ဒါက အင်မတန်အရေးကြီးတဲ့ ဖော်ပြချက်ဖြစ်တယ်ဆိုပြီး သူ့ဘက်က အသိပေးဆွေးနွေးခဲ့တာရှိပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

စစ်ကောင်စီက ၃၇ မြို့နယ်ကို မာရှယ်လောထုတ်ခြင်း၊ စစ်ကောင်စီ သက်တမ်း ခြောက်လတိုးသည့်ကိစ္စတို့သည် နိုင်ငံတကာ၏ အမြင်အပေါ် သက်ရောက်မှု များစွာဖြစ်စေခဲ့သည်ဟု ဆိုသည်။

(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)
(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)

“စစ်ကောင်စီက နောက်ထပ် ခြောက်လ သက်တမ်းတိုးမယ်လို့ ထုတ်ဖော်ပြောဆိုလာတာသည်ပင်လျင်သူ့အနေနဲ့ဒီနိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ဝန်ခံရာလည်းရောက်နေတယ်လို့ သူကအဲဒီလို သုံးသပ်ပါတယ်” ဟုကာကွယ်ရေးဝန်ကြီးကပြောပြသည်။

စစ်ကောင်စီက ၂၀၂၃ အတွင်း ရွေးကောက်ပွဲတစ်ခုလုပ်မည်ဟု ကြိမ်ဖန်များစွာ ပြောထားသော်လည်းအမှန်တကယ် ရွေးကောက်ပွဲ လုပ်နိုင်မည်လားဆိုသည်ကို နိုင်ငံတကာက စောင့်ကြည့်နေကြသည်ဟုဆိုသည်။

“အခုလို စစ်အာဏာကို ခြောက်လ သက်တမ်းတိုးလိုက်ပြီ ဆိုတဲ့ ကိစ္စက သူရွေးကောက်ပွဲလည်း သူမျှော်မှန်းတဲ့အတိုင်း မလုပ်နိုင်တော့ဘူး ၊ရွေးကောက်ပွဲမလုပ်နိုင်တာကသူ့ရဲနယ်မြေထိန်းချုပ်မှု အင်မတန်အားနည်းနေပြီဆိုတာဖော်ပြတဲ့အချက်ဖြစ်တဲ့အတွက် နိုင်ငံတကာ အနေနဲ့ဒီအပေါ်မှာ အံ့အားသင့်ရတယ်ဆိုပြီး ပြောဆိုတာရှိတယ်။မာရှယ်လောထုတ်ပြန်တဲ့ကိစ္စဟာလည်းတစ်ဖက်မှာ ဪသူ့ရဲ့နယ်မြေထိန်းချုပ်နိုင်စွမ်း အားပျော့နေပြီဆိုတာကို ဝန်ခံရာလည်းရောက်တယ်ဆိုပြီး ဆွေးနွေးချက်လေးတစ်ခုရှိပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)
(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)

စစ်ကောင်စီကမြို့နယ်၃၇မြို့နယ်ကိုမာရှယ်လောထုတ်သည်ဆိုသော်လည်း တကယ်တန်းတွင် ယခုထက်ပိုမိုသည့် မြို့နယ်များစွာကို မာရှယ်လောထုတ်ရမည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ ယခု ထုတ်ပြန်ကြေညာခဲ့သည့် မြို့နယ်များသည် တော်လှန်ရေးရဲဘော်များ စိုးမိုးထိန်းချုပ်ထားသည့် မြို့နယ် ဒေသများဖြစ်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီမြို့နယ်တွေဆိုရင် စစ်ကောင်စီက သူ့တပ်ရှိတယ်ဆိုရင် တပ်ထဲက အပြင်တောင်မှ ထွက်ရဲတဲ့ မြို့နယ်တွေမဟုတ်တော့ဘူး” ဟု NUG ကာကွယ်​ရေးဝန်ကြီးကပြောသည်။

NUG ၏ ကာကွယ်​ရေးဝန်ကြီးဌာန​အောက်တွင်း တပ်ရင်း​ပေါင်း ၃၀၀ ​ကျော်ဖွဲ့စည်းထားပြီး ၊ပကဖ အဖွဲ့​ပေါင်း ၂၀၀ ​ကျော်ရှိ​ကြောင်း ၊ထိုအပြင် PDF အဖွဲ့များပင်ဆိုနိုင်​သော ကရင်နီ ပြီနယ်တွင် ​တော်လှန်​ရေးမဟာမိတ် အဖွဲ့ဖြစ်​သောKNDF ကတပ်ရင်း ၂၀ ​ကျော် ၊ ချင်းပြည်နယ်တွင် ​လည်း ​​တော်လှန်​ရေးမဟာမိတ် CDF တပ်ရင်း​ပေါင်း ၅၀ ​ကျော်ရှိ​နေပြီဖြစ်ကြောင်းလည်း ဝန်ကြီးက​ပြောသည်။ ထို့အပြင် PDF များကို ခိုလှုံခွင့်​ပေးပြီးစစ်ပညာသင်​ပေးကာ အဓိက ​တော်လှန်​ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်​သော KIO/KIA ၊ KNU/KNLA ၊KNPP/KA နှင့်CNF/CNA တို့တွင်လည်း ​​နွေဦးကာလတွင် တပ်ဖွဲ့ဝင်အင်အား ယခင်ကထက်ပိုမို​တောင့်တင်းလာ​ကြောင်းသိ့ရသည်။

NUG ကာကွယ်​ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပူး​ပေါင်း၍စစ်တိုင်းများအဖြစ် ​​မြောက်ပိုင်းတိုင်း၊​တောင်ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်း တို့စနစ်တကျဖွဲ့စည်းသည်။ထို့အပြင် စစ်​ဒေသမှူးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​ခေါင်း​ဆောင်များကိုတာဝန်​ပေးအပ်ထားပြီး စစ်ဆင်​ရေးများကို စနစ်တကျ ဗျူဟာချမှတ်​​ဆောင်ရွက်​နေမှုများကိုလည်း ဝန်ကြီးက ​အသိ​ပေး​ပြောကြားခဲ့သည်။