Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

စစ်ဆင်ရေးတွင်တွေ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦး၊ ဓာတ်ပုံ-မြိုင်(ပကဖ)
စစ်ဆင်ရေးတွင်တွေ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦး၊ ဓာတ်ပုံ-မြိုင်(ပကဖ)

▪️သေဆုံးထိခိုက်မှုများနိုင်ဟု ပကဖပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well 2 ရေနံမြေအနီးတွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား ပစ်ခတ်ပြီးနောက် ထက်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးခန့်သေဆုံးနိုင်ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ၇ ရက်) မွန်းလွဲ ၁နာရီခန့်က ဖလံကိုင်းရေနံမြေမှ ပြန်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းအား Well 2 ရေနံမြေအကျော် လမ်းပိုင်းတစ်နေရာတွင် ဇာမဏီပြောက်ကျားတပ်ဖွဲ့ ရိုင်ဖယ်သမားက ချောင်းမြောင်းပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ထို့နောက် စစ်ကောင်စီစစ်ကြောင်းကို ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း ကိုလယျာ် က ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

“ခြေလျင်စစ်ကြောင်းနဲ့ ၆၀ လောက်ပါတယ်။ ကားနှစ်စီးလည်းပါတယ်။”ဟု မြိုင်( ပကဖ)အဖွဲ့ခေါင်းဆောင်က ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“၅ ရက်နေ့မနက်ပိုင်းကတော့ Well 2 ရေနံမြေစခန်းက စစ်ကောင်စီတပ်တွေက တောင်ရိုးနဲ့ ဝဲတူးကြားက လမ်းဘေး သစ်တောတွေကို မီးရှိူ့ပြီးတော့ ဝဲတူးထဲ ပြန်ဝင်ပြီး မနေ့ညကတော့ Well 2 မှာ ညအိပ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မြိုင် ပကဖ) ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။