Connect with us

Hi, what are you looking for?

သတင်း

ဘဝများ၊ အသက်များရင်းကာ (၂)နှစ်ကျော်လာသည်အထိ ကြံ့ကြံ့ခံပြီး ဆက်လက်တိုက်ပွဲဝင်နေကြသည့် CDM များကို DPNS ဂုဏ်ပြုမှတ်တမ်းတင်

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ (CDM)၊ မပါဝင်သူ (Non-CDM) များနှင့် ပတ်သက်၍ DPNS ၏ သဘောထားကို ကြေညာခဲ့ခြင်းဖြစ်သည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင်ပါဝင်လာစေရန် ၂၀၂၁ဖေဖော်ဝါရီအတွင်းက လှုံ့ဆော်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - PS)
(စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင်ပါဝင်လာစေရန် ၂၀၂၁ဖေဖော်ဝါရီအတွင်းက လှုံ့ဆော်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - PS)

▪️တော်လှန်ရေးအပေါ် သစ္စာဖောက်သည့် Non-CDM များ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအရထိုက်သင့်သည့် ပြစ်ဒဏ်များကို ခံယူကြရမည်ဟု သတိပေး

ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်အံတုလျက် ဘဝများ၊ အသက်များရင်းကာ (၂)နှစ် ကျော်လာသည်အထိ ကြံ့ကြံ့ခံပြီး ဆက်လက် တိုက်ပွဲဝင်နေကြသည့် CDM များကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ ထုတ်ပြန်သည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ (CDM)၊ မပါဝင်သူ (Non-CDM) များနှင့် ပတ်သက်၍ DPNS ၏ သဘောထားကို ကြေညာခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးကြီးတွင် မပါဝင်နိုင်သည့် Non-CDM များအနက် တော်လှန်ရေးကြီးကို ဖျက်လိုဖျက်ဆီး ပြုလုပ်သူ၊ စစ်ကောင်စီ၏ အာဏာယန္တယားများတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်သူ၊ သူလျှိုများ၊ သတင်းပေးများ၊ ဒလန်များအဖြစ် ဆောင်ရွက်နေကြသူများသည် တော်လှန်ရေးအပေါ် သစ္စာဖောက်သူများ ဖြစ်သည်ဟု DPNSက ရှုမြင်ကြောင်း ဖော်ပြသည်။

ထိုကဲ့သို့သော တော်လှန်ရေးအပေါ် သစ္စာဖောက်သူများသည် ပြည်သူလူထုတရပ်လုံးနှင့် တော်လှန်ရေးကြီး၏ ဒဏ်ခတ်မှုကို မုချခံရမည် ဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအရ ထိုက်သင့်သည့် ပြစ်ဒဏ်များကို ခံယူကြရမည်၊ ပြန်လည်ပေးဆပ်ကြရမည် ဖြစ်ကြောင်း DPNS က သတိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် CDM လှုပ်ရှားမှုကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ကျကျ မပါဝင်နိုင်သေးသူ Non-CDM များအနက် အများစုကြီးသည် စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး တိုက်ပွဲကြီးတွင် တနည်းမဟုတ် တနည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်နိုင်သည့် နည်းသဏ္ဍာန်များဖြင့် ပါဝင်နေကြသည်ဟု DPNS က သိမြင်နားလည်ကြောင်း ဖော်ပြသည်။ နိုင်သမျှအားဖြင့် ယခုကဲ့သို့ ပါဝင်နေမှုများအပေါ်လည်း တန်ဖိုးထားပြီး ယခုကဲ့သို့ ပိုမို အရေးကြီးလာသည့် ကာလတွင် အတတ်နိုင်ဆုံး ပိုမို အားစိုက်ပါဝင်ပေးကြရန် အလေးအနက် တိုက်တွန်း ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။