Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုဒရုန်းဖြင့်တိုက်ခိုက်

ယမန်နေ့ (ဖေဖော်ဝါရီ ၈ရက်)က ရေဦးမြို့မှထွက်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်တပ်စစ်ကြောင်းကို ကံသစ်ကျေးရွာနှင့် ခင်ဦးမြို့ကြားတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း RTGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ခင်ဦးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုဒရုန်းဖြင့်တိုက်ခိုက်
ခင်ဦးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Guerilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၈ရက်)က ရေဦးမြို့မှထွက်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်တပ်စစ်ကြောင်းကို ကံသစ်ကျေးရွာနှင့် ခင်ဦးမြို့ကြားတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း RTGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေချိန် ရှေ့ပြေးကင်းထောက် စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်၍ ရဲဘော်များပြန်ဆုတ်ခဲ့ကြောင်း၊ ရဲဘော် များကျန်ခဲ့သော ဆိုင်ကယ်နှင့် တောထဲက တဲတစ်လုံးကို မီးရှို့သွားကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“အထိခိုက်အကျဆုံးကိုတော့ မသိရှိရသေးပါဘူး။ သာဂရမြင်းဒေါင်းကနေပြီး မြစ်တော်နဲ့ ဗအိုးကြားကနေ ကံသာယာတောင်ဘတ်ကနေခင်ဦးဘက်ကိုတတ်တာ။ အခုတော့မြို့ပေါ်ပေါင်းသွားပြီ”ဟု Royal Tiger Guerilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထောင်ထားသည့် မိုင်းများကိုလည်း ယူဆောင်သွားပြီး မိုင်း ၁၀လုံးဆုံးရှုံးခဲ့ကြောင်း၊ ထို့ကြောင့် မိုင်းများ ဆက်လက်ထုတ်လုပ်နိုင်ရန်အတွက် ဝိုင်းဝန်းကူညီပေးကြရန် RTGF အဖွဲ့ကမေတ္တာရပ်ခံသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ယင်‌ေးနေ့ ညနေပိုင်းတွင်လည်း ခင်ဦးမြို့ပေါ်သို့ရောက်ရှိလာပြီး ညပိုင်း၌ လူနေတိုက်ပေါ်တွင် နေရာယူကာ အသင့်စောင့်နေခဲ့ကြောင်း ခင်ဦးဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook