Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း၃လုံးဖြင့်တိုက်ခိုက်

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း၃လုံးဖြင့်တိုက်ခိုက်
ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း၃လုံးဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာများရှိကြောင်း FIRE Dragon(KU)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၃၀ရက် နံနက် ၇နာရီခွဲခန့်က ခင်ဦးမြို့နယ်၊ ဗျိုင်းကြိုင်ကျေးရွာတွင် ညအိပ်ခဲ့သောစစ်ကောင်စီတပ်သ​ည် ရုံးစုကျေးရွာ မီးရှို့၍ ညောင်ပင်ကြီးစုရွာအား လယ်ကြားလမ်းအတိုင်းထွတ်လာချိန်တွင် တိုက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း FIRE Dragon(KU)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာအများအပြားရရှိသွားသည်ဟု ၎င်းတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“အင်အားတစ်ရာကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းပါ။ ရုံးစုရွာကနေထွက်လာပြီး လယ်ကြားလမ်းမှာ ကျွန်တော်တို့အဖွဲ့တိုက်မိုင်းသုံးလုံးထောင်ထားတာမိပါတယ်။ ညောင်ပင်ကြီးစုကထိတဲ့မိုင်းမို့ ညောင်ပင်ကြီးစုမှာတင် ဆေးကုသတာတွေ လုပ်သွားတယ်။”ဟု FIRE Dragon(KU) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။