Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ကျားဖြူစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဉ်
ကျားဖြူစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဉ်

▪️လက်နက်သုံးလက်ရဟု ကျားဖြူစစ်ကြောင်း အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း အဆိုပါဒေသရှိ ပူးပေါင်းတပ်ဖွဲ့တစ်ခုဖြစ်သည့် ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ရက် နံနက် ၅နာရီခွဲခန့်တွင် ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များမှ ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲဝင်များကိုသွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျားဖြူစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဉ်
ကျားဖြူစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဉ်

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

“တိုက်ပွဲဖြစ်တာတော့ မှန်တယ်။ ထိခိုက်သေဆုံးမှုတွေ ကျဆုံးမှုတွေကတော့ ကျွန်တော်အားလုံး မသိခဲ့ဘူး”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်မှ အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း ရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်း မှ တိုက်ခိုက်လာနိုင်ခြေရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၏ ဘေးအန္တရာယ်မှ ကင်းရှင်းစေရေး သတိဖြင့် သွားလာကြရန် တိုက်တွန်းထားသည်။

“ကော့ကရိတ်မြို့မှာ မာရှယ်လောအမိန့်တွေ ထုတ်ပြန်ထားတယ်။ ည ၆နာရီဆို မသွားရတော့ဘူး မနက်ဆိုလည်း ၆နာရီ။ ထုတ်ပြန်မှုတွေရှိတော့ရှိတယ်”ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။