Connect with us

Hi, what are you looking for?

သတင်း

KNU နယ်မြေ၌ ​လေးကြိမ်​မြောက်အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း NUG ပြည်ထဲရေးထုတ်ပြန်

ယခုသင်တန်းဆင်းပွဲကို နှစ်လနီးပါးအကြာတွင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲပြုလုပ်စဥ်။NUG-MOHAAI)
(တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲပြုလုပ်စဥ်။NUG-MOHAAI)

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် – ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ကြောင်းပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

သင်တန်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ (သုံးလ) ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့သည်ဟု ဖော်ပြသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း​ဖော်ပြထားသည်။ထို​ကြောင့်ယခုသင်တန်းဆင်းပွဲကို နှစ်လနီးပါးအကြာတွင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။