Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ့ကံကြမ္မာကို တစ်စုတစ်ဖွဲ့လက်ထဲ အပ်နှံသည့်အမှားများကို ရှောင်ကျဉ်ရန် KNU သတိပေး

ဖဆပလခေတ်တွင် အားကောင်းရှင်သန်လာသည့် ဗမာလူမျိုးကြီးဝါဒမှ စတင်ခဲ့သည့် စနစ်ဆိုးအမျိုးမျိုး ပပျောက်ရေးနှင့် နိုင်ငံရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည့် မကောင်းသော အကျင့်ဓလေ့များကို အမြစ်ဖြတ်ရန်လည်း ပြည်သူလူထုများကို တိုက်တွန်းထားသည်။

နိုင်ငံ့ကံကြမ္မာကို တစ်စုတစ်ဖွဲ့လက်ထဲ အပ်နှံသည့်အမှားများကို ရှောင်ကျဉ်ရန် KNU သတိပေး
နိုင်ငံ့ကံကြမ္မာကို တစ်စုတစ်ဖွဲ့လက်ထဲ အပ်နှံသည့်အမှားများကို ရှောင်ကျဉ်ရန် KNU သတိပေး

▪️စနစ်ဆိုးအမျိုးမျိုးနှင့် နိုင်ငံရေးသဘောတူညီချက်များ ဖော်ဆောင်ရန် ပျက်ကွက်မှုဓလေ့များကို အမြစ်ဖြတ်ရန် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့သို့ သဝဏ်လွှာပို့

နိုင်ငံ၏ ကံကြမ္မာကို တစ်စုတစ်ဖွဲ့ လက်ထဲအပ်နှံသည့် လွန်ခဲ့သည့် ကာလကအမှားများကို နိုင်ငံတကာကလည်း ရှောင်ကျဉ်ရန် လိုအပ်ပြီး စစ်အာဏာသိမ်းယူမှု အလွန် အသွင်ကူးပြောင်းရေးကာလတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့် နိုင်ငံ့အနာဂတ်ကို အတူတကွ ဖော်ဆောင်ရန် မရှိမဖြစ်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ကျရောက်သည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

ဖဆပလခေတ်တွင် အားကောင်းရှင်သန်လာသည့် ဗမာလူမျိုးကြီးဝါဒမှ စတင်ခဲ့သည့် စနစ်ဆိုးအမျိုးမျိုး ပပျောက်ရေးနှင့် နိုင်ငံရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည့် မကောင်းသော အကျင့်ဓလေ့များကို အမြစ်ဖြတ်ရန်လည်း ပြည်သူလူထုများကို တိုက်တွန်းထားသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို အမြစ်ပြတ် ချေမှုန်းရေး အတွက် နိုင်ငံရေး နိုးကြားတက်ကြွမှု နှင့် အမှန်တရားအပေါ် ရဲရင့်ခိုင်မာစွာ ရပ်တည်ရန် သံဓိဌာန်ပြုပြီး နိုင်ငံသစ် ထူထောင်မှုတွင်စည်းလုံးညီညွတ်စွာ ပါဝင်ကြရန်ကိုလည်း တိုက်တွန်းထားသည်။

Public Service Announcement
Public Service Announcement

တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို လက်ခံသည့် ပါတီ၊ အဖွဲ့အစည်းမတိုင်းသည် ဖက်ဒရယ်နှင့်ဒီမိုကရေစီ စနစ်၏ အခြေခံများကို တော်လှန်ရေး ကာလအတွင်း၌ပင်လျှင် လက်တွေ့ တွေးခေါ် ကျင့်သုံးခြင်းနှင့် သက်သေထူရန် လိုပြီး သမိုင်းအမှား သံသရာကို ကျော်လွှားကြရမည်ဟုလည်း KNUက ဆိုသည်။

Public Service Announcement

Public Service Announcement

လွတ်လပ်ရေး အကြိုကာလတွင် ဖြစ်ပေါ်ခဲ့သော ဗမာမဟုတ်သော တိုင်းရင်းသား တချို့၏နိုင်ငံရေး တောင်းဆိုမှု ပြဿနာများကို မျက်ကွယ်ပြုပြီး ဖဆပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့၏ လက်ထဲသို့ မြန်မာပြည် လွတ်လပ်ရေး အပ်နှင်းခဲ့သည့် ဗြိတိသျှ လေဘာပါတီ အစိုးရ၏ ဆုံးဖြတ်ချက် နှင့် ပင်လုံစာချုပ် အကောင်အထည်ဖော်ရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည့် ဖဆပလ၏ အမှားများကြောင့် ယနေ့ မြန်မာ့နိုင်ငံရေး၏ ပဋိပက္ခမီးမှာ အရှိန်အဟုန် ကောင်းစွာ ဆက်လက်တောက်လောင်နေဆဲဖြစ်ကြောင်း လည်း KNU၏ သဝဏ်လွှာ၌ ပါရှိသည်။

ကမ္ဘာ့အလယ်တွင် တရားဝင်လွတ်လပ်သည့် နိုင်ငံတစ်ခု အဖြစ် ပေါ်ပေါက်လာစေသည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ခြင်းသည် ယနေ့ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ၇၆ နှစ် ပြည့်ခဲ့သော်လည်း တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးသည် ယနေ့အထိ မလွတ်လပ်သေးဘဲ ဒုက္ခဆင်းရဲ သံသရာ အတွင်း၌သာ ရှိနေသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရကြောင်း KNUက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။