Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့တွင် စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအဖွဲ့ကို PDF တိုက်ခိုက်

ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KLG
ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KLG

စစ်ကိုင်းတိုင်း ကနီမြို့အထွက်တွင် အင်အား၅၀ခန့်ပါသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက်ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ကနီမြို့အထွက်တင်ဆိုတော့ အန္တရာယ်လည်းများတယ်။ ကျွန်တော်တို့ တပ်စိတ်တစ်စိပ်နဲ့ပဲ သွားချလိုက်တာ။ ရိက္ခာပို့သွားမယ်ကြားလို့ မိုင်းကြိုထောင်ပြီး သွားတိုက်လိုက်ခဲ့တာပါ” ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်မိုင်းနှစ်လုံးကြိုတင်ထောင်ကာ အချိန်ကိုက်ဖောက်ခွဲပြီးနောက် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခန့်ကြာပြီး စစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးကာ လှည်းနှစ်စီး ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။