Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် အဓမ္မသိမ်းထားသည့်လယ်ထွန်စက်အား မောင်းလာသည့် ပျူခေါင်းဆောင်တစ်ဦး နင်းမိုင်းထိ သေဆုံး

ပြည်သူများအား ဒုက္ခ‌ ပေးနေသော စစ်ကောင်စီတ​ပ်နှင့်ပျူများအား နည်းလမ်းအမျိုးမျိုးဖြင့်နှိမ်နင်းသုတ်သင်သွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က သတိပေးသည်။

အရာတော်မြို့အဝင်၌ တွေ့ရသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ-Cj
အရာတော်မြို့အဝင်၌ တွေ့ရသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ-Cj

▪️အရာတော်နယ်တွင် သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များအား မီးသင်္ဂြိုလ်စဥ် မီးအားပြင်း၍ အနီးရှိ ကြာဇံစက်ရုံ မီးကူးစက်လောင်ကျွမ်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများထံမှ အဓမ္မသိမ်းဆည်းထားသော လယ်ထွန်စက် မောင်းနှင်လာသည့် ပျူခေါင်းဆောင်တစ်ဦး နင်းမိုင်းထိ၍ သေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို( LPDF ) အဖွဲ့၏ တာဝန်ရှိသူက ပြောကြားသည်။

“ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ကြောင်ရှာတောကျေးရွာသားတစ်ဦးဖြစ်ပြီး လက်ရှိ ညောင်းကိုင်းပျူရွာတွင်နေထိုင်သော နာမည်ကြီး ပျူခေါင်း‌ဆောင်မျိုးလှိုင်ဆိုသူသည် ညောင်ကိုင်းပျူရွာမှ စစ်​ကောင်စီတပ်စွဲထားသော ဇီးဖြူကုန်းရွာသို့အသွား ဂျိုးမြေဇင််း တစ်နေရာအ‌ရောက်တွင် PDFအဖွဲ့များထောင်ထားသော နင်းမိုင်းထိ၍ သေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို( LPDF ) အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“သူက ကြောင်ရှာတောသား ပျူခေါင်းဆောင်ပါ။ ညောင်းကိုင်းပျူရွာမှာ သွားနေပါတယ်။ သူက စစ်ကြောင်းမှာ လိုက်ပါပြီးခိုးထားတဲ့ လယ်ထွန်စက်မောင်းပြီးအသွားမှာ နင်းမိုင်းမိပြီး သေသွားတာပါဗျ။ ကျွန်တော်တို့အနေနဲ့က သူတို့စိုးမို့ရာ လမ်းကြောမှာ ထောင်ထားတာပါ။စုတ်ပြတ်သတ်သွားလို့ အလောင်းကို ကောက်မရတော့လို့ အဲနေရာတင်သင်္ဂြိုလ်သွားတယ်လို့သိရပါတယ်။ မနေ့က လာပြီး အဲ့နေရာတင် သင်္ဂြိုလ်တယ်လို့သိရပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း – ရွှေဘို ( LPDF ) အဖွဲ့ ၊ ဗိုလ်ဂျပန်းကြီး(😭.T)- SHWEBO LPDF အဖွဲ့၊ တောင်သူကြီး-ရွှေဘို (LPDF) အဖွဲ့၊မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့နှင့် တိုက်နယ်-၂ မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအား ဒုက္ခ‌ ပေးနေသော စစ်ကောင်စီတ​ပ်နှင့်ပျူများအား နည်းလမ်းအမျိုးမျိုးဖြင့်နှိမ်နင်းသုတ်သင်သွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က သတိပေးသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မီးသင်္ဂြိုလ်စဥ် မီးအားပြင်း၍ အနီးရှိ ကြာဇံစက်ရုံဘက်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း Danger Force LPDF၏ စစ်ဆင်ရေးတာဝန်ရှိသူ ကိုမာန်ဟုန်က ​ပြောကြားသည်။

ဖေ​ဖော်ဝါရီ ၁၂ ရက် ညနေ ၅နာရီခွဲခန့်က လေ့ကျင့်ရေး (၁၀)တပ် အရပ်ခေါ် အရှေ့တပ်အား (၈၀) မမ ဖြင့် ငါးကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော စစ်ဆင်ရေးတွင် အရာရှိများ၊စစ်ကောင်စီတပ်သားများ အပါအဝင် ခြောက်ဦးသေဆုံးသွားကြောင်း တပ်တွင်းသတင်းအရသိရကြောင်း Danger Force LPDF၏ စစ်ဆင်ရေးတာဝန်ရှိသူ ကိုမာန်ဟုန်က ​ပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအာဖေဖော်ဝါရီ ၁၄ရက် နံနက်ပိုင်းတွင် အရာတော်သုသာန်၌ တိတ်တဆိတ် မီးသင်္ဂြိုလ်ခဲ့သည်။

ထိုသို့မီးသင်္ဂြိုလ်စဥ် မီးအားပြင်းသောကြောင့် သုဿာန်အနီးရှိ ကြာဇံစက်ရုံ၏ ခြံစည်းရိုးများအား မီးကူးသွားခဲ့ပြီး မီးသတ်ကားများဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း ကိုမာန်ဟုန်က ပြောသည်။

“မြေမြှုပ်လို့မနိုင်တဲ့အခါမှာ မီးရှို့ပြီး သင်္ဂြိုလ်တာ ကြာဇံစက်ရုံဘက်ကိုမီးကူးသွားတာ။ ရပ်ကွက်ထဲကကော ဝိုင်းငြှိမ်းတယ်။ မြို့ထဲက မီးသတ်ကားတွေကော ခေါ်လိုက်ရတယ်။ စက်ရုံတော့ပါမသွားဘူး။ ခြံစည်းရိုးတွေပဲပါသွားတယ်။”ဟု စစ်ဆင်ရေးတာဝန်ရှိသူ ကိုမာန်ဟုန်က ​ဆိုသည်။

အဆိုပါ အမှတ်(၁၀) လေ့ကျင်ရေးတပ်ကို ငါးကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဥ်၌ စစ်ကောင်စီတပ်သားများကလည်း (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော် တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။