Connect with us

Hi, what are you looking for?

သတင်း

ကသာတွင် သက်ကြီးရွယ်အိုတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်

ထွက်ပြေးလွတ်​​​မြောက်လာသူမှာ အသက် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ရပ်မိ၊ ရပ်ဖများအဖြစ် လိမ်လည်ခေါ်ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သူဟု စစ်ကောင်စီက စွပ်စွဲပြီး ရိုက်နှက်ခဲ့ခြင်းဟု သိရသည်။

(မိုးတားလေးတိုက်နယ်ရွာတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသည့် နေအိမ်တစ်လုံးကို မီးငြှိမ်းသတ်နေသည်ကို ၂၀၂၁နိုဝင်ဘာ ၉ရက်က တွေ့ရစဉ်။ဓာတ်ပုံ-ပေးပို့)
(မိုးတားလေးတိုက်နယ်ရွာတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသည့် နေအိမ်တစ်လုံးကို မီးငြှိမ်းသတ်နေသည်ကို ၂၀၂၁နိုဝင်ဘာ ၉ရက်က တွေ့ရစဉ်။ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာတပ်စွဲထားသည့် စစ်ကောင်စီတပ်က ၎င်းတို့အား ရပ်မိ၊ ရပ်ဖငါးဦး လာတွေ့ရန် ခိုင်းစေ၍ သက်ကြီးရွယ်အို ငါးဦးက သွားတွေ့ရာ တစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးတားလေးရွာနှင့် ထိစပ်နေသော မြေနုကျေးရွာမှ ရပ်မိ၊ ရပ်ဖငါးဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ရက်တွင် ခေါ်တွေ့ပြီး တစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့​ခြင်းဟု သတင်းရရှိသည်။

“မြေနုရွာက ရပ်မိ၊ရပ်ဖ ငါးယောက်လာဆိုလို့ သွားတာ။ တစ်ယောက်ကို ဖမ်းပြီး ရိုက်နှက်တယ်။ လေးယောက်ကို ​ပြန်လွှတ်တယ်။ အဖမ်းခံထားရတဲ့သူကို သတ်မယ်ဆိုပြီး ပြောလို့ ညဘက် ထွက်ပြေးလာခဲ့လို့ အသတ်မခံရတာ”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထွက်ပြေးလွတ်​​​မြောက်လာသူမှာ အသက် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ရပ်မိ၊ ရပ်ဖများအဖြစ် လိမ်လည်ခေါ်ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သူဟု စစ်ကောင်စီက စွပ်စွဲပြီး ရိုက်နှက်ခဲ့ခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

“သူ့ကို တိုင်ထားတာလို့ သိရတယ်။ ရိုက်နှက်ခံရတဲဲ့ ဒဏ်ရာတွေ ရထားပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး။ အခုတော့ အန္တရာယ်ကင်းတဲ့နေရာကို ပို့ထားပြီးပါပြီ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးတားလေးကျေးရွာကို ဇန်နဝါရီ ၁၈ ရက်က လေကြောင်းမှတိုက်ခိုက်ပြီးနောက်ပိုင်း ရွာတွင် တပ်စွဲထားခြင်းဖြစ်သည်။ထိုရက်မတိုင်ခင်က မိုးတားလေး ကျေးရွာအနီးရှိ တိုက်ကုန်းရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲအပြင်အထန်ဖြစ်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိအချို့အပါအဝင် ၅၀ဦးအထက် သေဆုံးပြီးနောက် မိုးတားလေးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်မှုကြောင့် မိုးတားလေးကျေးရွာမှ ဒေသခံအရပ်သားခုနစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook