Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာတွင် သက်ကြီးရွယ်အိုတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်

ထွက်ပြေးလွတ်​​​မြောက်လာသူမှာ အသက် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ရပ်မိ၊ ရပ်ဖများအဖြစ် လိမ်လည်ခေါ်ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သူဟု စစ်ကောင်စီက စွပ်စွဲပြီး ရိုက်နှက်ခဲ့ခြင်းဟု သိရသည်။

(မိုးတားလေးတိုက်နယ်ရွာတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသည့် နေအိမ်တစ်လုံးကို မီးငြှိမ်းသတ်နေသည်ကို ၂၀၂၁နိုဝင်ဘာ ၉ရက်က တွေ့ရစဉ်။ဓာတ်ပုံ-ပေးပို့)
(မိုးတားလေးတိုက်နယ်ရွာတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသည့် နေအိမ်တစ်လုံးကို မီးငြှိမ်းသတ်နေသည်ကို ၂၀၂၁နိုဝင်ဘာ ၉ရက်က တွေ့ရစဉ်။ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာတပ်စွဲထားသည့် စစ်ကောင်စီတပ်က ၎င်းတို့အား ရပ်မိ၊ ရပ်ဖငါးဦး လာတွေ့ရန် ခိုင်းစေ၍ သက်ကြီးရွယ်အို ငါးဦးက သွားတွေ့ရာ တစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးတားလေးရွာနှင့် ထိစပ်နေသော မြေနုကျေးရွာမှ ရပ်မိ၊ ရပ်ဖငါးဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ရက်တွင် ခေါ်တွေ့ပြီး တစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့​ခြင်းဟု သတင်းရရှိသည်။

“မြေနုရွာက ရပ်မိ၊ရပ်ဖ ငါးယောက်လာဆိုလို့ သွားတာ။ တစ်ယောက်ကို ဖမ်းပြီး ရိုက်နှက်တယ်။ လေးယောက်ကို ​ပြန်လွှတ်တယ်။ အဖမ်းခံထားရတဲ့သူကို သတ်မယ်ဆိုပြီး ပြောလို့ ညဘက် ထွက်ပြေးလာခဲ့လို့ အသတ်မခံရတာ”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထွက်ပြေးလွတ်​​​မြောက်လာသူမှာ အသက် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ရပ်မိ၊ ရပ်ဖများအဖြစ် လိမ်လည်ခေါ်ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သူဟု စစ်ကောင်စီက စွပ်စွဲပြီး ရိုက်နှက်ခဲ့ခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

“သူ့ကို တိုင်ထားတာလို့ သိရတယ်။ ရိုက်နှက်ခံရတဲဲ့ ဒဏ်ရာတွေ ရထားပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး။ အခုတော့ အန္တရာယ်ကင်းတဲ့နေရာကို ပို့ထားပြီးပါပြီ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးတားလေးကျေးရွာကို ဇန်နဝါရီ ၁၈ ရက်က လေကြောင်းမှတိုက်ခိုက်ပြီးနောက်ပိုင်း ရွာတွင် တပ်စွဲထားခြင်းဖြစ်သည်။ထိုရက်မတိုင်ခင်က မိုးတားလေး ကျေးရွာအနီးရှိ တိုက်ကုန်းရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲအပြင်အထန်ဖြစ်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိအချို့အပါအဝင် ၅၀ဦးအထက် သေဆုံးပြီးနောက် မိုးတားလေးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်မှုကြောင့် မိုးတားလေးကျေးရွာမှ ဒေသခံအရပ်သားခုနစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။