Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်၌ KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

မူဆယ်နှင့်ကွတ်ခိုင်မြို့နယ်ကြားရှိ KIA တပ်မဟာ (၆) တပ်ရင်း (၉)နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

KIA တပ်ဖွဲ့ဝင်အချို့ ကို​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
KIA တပ်ဖွဲ့ဝင်အချို့ ကို​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIAတပ်ရင်း(၉) နယ်မြေ၌ စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မူဆယ်နှင့်ကွတ်ခိုင်မြို့နယ်ကြားရှိ KIA တပ်မဟာ (၆) တပ်ရင်း (၉)နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

“အဲဒီဘက်ကတော့ စစ်ကြောင်းသုံးကြောင်းနဲ့ ကျွန်တော်တို့ တပ်ရင်း (၉)နယ်မြေဘက်မှာ ထိုးစစ် ဆင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီကနေ့ ဆိုရင် တော့ ၄ရက်၊ ၅ရက်ရှိပါပြီ။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲနှင့်ပတ်သက်ပြီး ထိခိုက်ကျဆုံးအပါအဝင် အသေးစိတ် အခြေအနေများ မသိရသေးဟုဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူများအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်ဒေသခံက ပြောသည်။ ထို့ပြင် နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ကချင်စစ်ရေးသတင်းများဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးကလည်း ဖေဖော်ဝါရီ ၁၇ရက် နံနက် ၉နာရီခန့်တွင် ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်ကြားရှိ ကောင်ရာကျေးရွာ ဖိုင်လုံယာန်ဟု ခေါ်သည့် နေရာ၌ စစ်ကောင်စီ​၏ တပ်မ(၉၉)ခြေလျင် စစ်ကြောင်းကို KIA တပ်ရင်း (၉)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု အသိပေးရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။