Connect with us

Hi, what are you looking for?

သတင်း

နွေဦး​တော်လှန်​ရေးတွင်ကျဆုံးပြည်သူ ၃၀၀၀ ဦးရှိလာ

အဆိုပါကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပင်ပိုမိုများပြား နိုင်​ကြောင်းလည်း AAPP ကအသိ့​​​ပေးထားသည်။

(​နွေဦး​တော်လှန်​ရေးတွင်ကျဆုံးပြည်သူများ၊ဒီမိုက​ရေစီလှုပ်ရှားသူများကို ဂုဏ်ပြုန​သောပြင်သစ်သံအမတ်နှင့် AAPP ယ​နေ့ထုတ်ပြန်ချက်။ဓါတ်ပုံ-ပြင်သစ်သံရုံး)
(​နွေဦး​တော်လှန်​ရေးတွင်ကျဆုံးပြည်သူများ၊ဒီမိုက​ရေစီလှုပ်ရှားသူများကို ဂုဏ်ပြုန​သောပြင်သစ်သံအမတ်နှင့် AAPP ယ​နေ့ထုတ်ပြန်ချက်။ဓါတ်ပုံ-ပြင်သစ်သံရုံး)

▪︎ပြင်သစ် သံအမတ်က ကျဆုံးသူ၊​ပျောက်ဆုံးသူ ၊ဒဏ်ရာရပြည်သူအားလုံးအတွက်နှင်းဆီပန်းချဂုဏ်ပြု

စစ်အုပ်စုအာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၀၀) ဦး ရှိပြီဖြစ်​ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကယ​နေ့ထုတ်ပြန်သည်။

အဆိုပါကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပင်ပိုမိုများပြား နိုင်​ကြောင်းလည်း AAPP ကအသိ့​​​ပေးထားသည်။

စစ်ဆပ်အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြစဥ် စစ်​ကောင်စီတပ်က​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖတ်၍ပထမဆုံးကျဆုံးခဲ့​သော ​​နွေဦး သူရဲ​ကောင်းမှာ ​နေပြည်​တော်မှ အသက် ၂၀ အရွယ်မမြသွဲ့သွဲ့ခိုင်ဖြစ်သည်။မမြသွဲ့သွဲ့ခိုင်မှာ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၉ ရက်တွင် ဆန္ဒပြပွဲတွင် စစ်​ကောင်စီ​၏ ပစ်ခတ်မှု​ကြောင့်ကျည်ထိမှန်ခဲ့ပြီး ​ဖေ​ဖော်ဝါရီ၁၉ တွင်ကျဆုံးခဲ့သည်။

AAPP ပြုစုထား​​သော စာရင်းအရ ကျဆုံးသူ ၃၀၀၀ ဦး​​မြောက်မှာ ​သီလရှင်ဒေါ် ဆိတ်ဖြစ်သည်။ ၂၀၂၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အင်အား ၁၀၀ ခန့်ပါဝင်သောစစ်​ကောင်စီတပ်နှင့် ပျူစောထီးတို့ကဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ သီလရှင်ဒေါ်ဆိတ်မှာ အသက်ကြီး၍ ထွက်မပြေးနိုင်သောကြောင့် နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့ခြင်းဖြစ်​ကြောင်းAAPP က​​ဖေ​ဖော်ဝါရီ ၁၇ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy သည် စစ်အုပ်စုအာဏာသိမ်းမှု့ဖြစ်ရပ်အပြီး အထူးသဖြင့် သေဆုံးခဲ့ရသူများ၊ ဒဏ်ရာရခဲ့သူများ (သို့မဟုတ်) ပျောက်ဆုံးသွားခဲ့သူများအားလုံးအတွက် အမှတ်တရ နှင်းဆီပန်းများချပြီး ဂုဏ်ပြုခဲ့​ကြောင်းယ​နေ့ထုတ်ပြန်သည်။

(​နွေဦး​တော်လှန်​ရေးတွင်ကျဆုံးပြည်သူများ၊ဒီမိုက​ရေစီလှုပ်ရှားသူများကို ဂုဏ်ပြုန​သောပြင်သစ်သံအမတ်နှင့် AAPP ယ​နေ့ထုတ်ပြန်ချက်။ဓါတ်ပုံ-ပြင်သစ်သံရုံး)
(​နွေဦး​တော်လှန်​ရေးတွင်ကျဆုံးပြည်သူများ၊ဒီမိုက​ရေစီလှုပ်ရှားသူများကို ဂုဏ်ပြုန​သောပြင်သစ်သံအမတ်နှင့် AAPP ယ​နေ့ထုတ်ပြန်ချက်။ဓါတ်ပုံ-ပြင်သစ်သံရုံး)

“အသက်ဆုံးရှုံးခဲ့ရသူများ နှင့် ၄င်းတို့၏ မိသားစုများအပါအဝင် မြန်မာပြည်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်အသက်ဝင်လာစေရန် တိုက်ပွဲဝင်နေကြသူများအားလုံးကို သံအမတ်ကြီးက စာနာထောက်ထားမိပါကြောင်း ဖော်ပြအပ်ပါသည်”ဟု ပြင်သစ်သံရုံးက​ဖော်ပြထားသည်။

ထိုအပြင် စစ်အုပ်စု ဖမ်းဆီးခံရသူများမှာ အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ စုစုပေါင်း ၁၅၈၈၂ ဦးရှိပြီး ၎င်းတို့အနက်မှ (၄၃၉၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထား​ကြောင်းသိရသည်။ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦးရှိပြီး ၊ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရခြင်းဖြစ်​ကြောင်းသိရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦး​ကြောင်းသိရသည်။

အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၈၃၃) ဦးရှိ​ကြောင်း​AAPPကဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ၊ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်းတိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်​ကြောင်းAAPPCကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook