Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းကာလ (၂)နှစ်ပြည့်ချိန် စစ်ကောင်စီ သတ်ဖြတ်၍ အနည်းဆုံး ပြည်သူ ၂,၉၄၀ ဦးကျဆုံးခဲ့ဟု AAPP ထုတ်ပြန်

ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ် အာဏာသိမ်းယူထားသည့် (၂)နှစ် တာအတွင်း စစ်ကောင်စီတပ် လက်ချက် ကြောင့် ပြည်သူ ၂,၉၄၀ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ (ဇန်နဝါရီ ၃၁ရက်) ညပိုင်း၌ ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂,၉၄၀ဦး ရှိခဲ့ပြီဟု ဖော်ပြထားပြီး ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၃,၇၆၃ဦး ရှိခဲ့ကြောင်း အသိပေးထားသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြား နိုင်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ယနေ့ (ဇန်နဝါရီ ၃၁ရက်)အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၀၁ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၂ဦး အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၄၃ဦး ရှိပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။

ဒေါက်တာလှမြတ်သွေးသည် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းသည့်နေ့ကစ၍ ဧရာဝတီတိုင်းအတွင်းရှိ အစိုးရအိမ်ရာဝင်း၌ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်တွင် ပုသိမ်အကျဉ်းထောင်သို့ လွှဲပြောင်း ခြင်းခံထားရသူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။