Connect with us

Hi, what are you looking for?

သတင်း

စာသင်ကျောင်း ၇၀၀ကျော်၌ ဗုံးခိုကျင်းတူးနိုင်ရန်ဆောင်ရွက်ခဲ့ဟု NUG ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာ အသိပေး

ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီတွင် လူသားချင်း စာနာမှုအကူအညီများအတွက် ကျပ် ၅၀၇ ဒသမ ၁၅သန်း ထောက်ပံ့ပေးပို့ နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

စာသင်ကျောင်း ၇၀၀ကျော်၌ ဗုံးခိုကျင်းတူးနိုင်ရန်ဆောင်ရွက်ခဲ့ဟု NUG ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာ အသိပေး
စာသင်ကျောင်း ၇၀၀ကျော်၌ ဗုံးခိုကျင်းတူးနိုင်ရန်ဆောင်ရွက်ခဲ့ဟု NUG ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာ အသိပေး

▪️ဇန်နဝါရီအတွင်း လူသားချင်းစာနာမှု အကူအညီ ကျပ်သန်း ၅၀၀ကျော် ထောက်ပံ့ခဲ့

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် စာသင်ကျောင်း ၇၀၀ ကျော်တွင် ဗုံးခိုကျင်းများတူးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုသို့ ဆောင်ရွက်ရာ၌ “CDMများရဲ့ စေတနာအားနဲ့အတူ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဉ်မှရရှိလာသော ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီတွင် လူသားချင်း စာနာမှုအကူအညီများအတွက် ကျပ် ၅၀၇ ဒသမ ၁၅သန်း ထောက်ပံ့ပေးပို့ နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

စာသင်ကျောင်း ၇၀၀ကျော်၌ ဗုံးခိုကျင်းတူးနိုင်ရန်ဆောင်ရွက်ခဲ့ဟု NUG ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာ အသိပေး
စာသင်ကျောင်း ၇၀၀ကျော်၌ ဗုံးခိုကျင်းတူးနိုင်ရန်ဆောင်ရွက်ခဲ့ဟု NUG ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာ အသိပေး

ထို့အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် လေဒဏ်၊ နှင်းဒဏ် ခံစားနေရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် မိုးကာများ၊ အနွေးထည်နှင့် စောင်များအား ပံ့ပိုးပေးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများတွင် နေအိမ်များ ပြန်လည်တည်ဆောက် ပေးနိုင်ရန် ဝန်ကြီးဌာနဘက်မှ စီမံဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အနေနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ၏ ဖိနှိပ်မှုဒဏ်ကို အဓိကခံစား နေရသောဒေသများတွင် လက်နက် ကိုင်ပဋိပက္ခ အခြေအနေအတွင်း ဆောင်ရန်/ရှောင်ရန်များ၊ မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

လေကြောင်းဒဏ် အန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင် ရွက်လျက်ရှိပြီး၊ တော်လှန်ရေး ကာလအတွင်း ပြည်သူ့ဝန်ဆောင်မှု အနေဖြင့် စိတ်လူမှု ဝေဒနာများ လျော့ပါးသက်သာ စေရန်နှင့် စိတ်လူမှုအထောက်အပံ့ ဖြစ်စေရန် “Mind Healer” စိတ်ခွန်အားပေးသူများ စီမံချက်ဖြင့် Facebook စာမျက်နှာမှတဆင့် နှစ်သိမ့် ဆွေးနွေးခြင်း အစီအစဉ်ကို ပြုလုပ်ပေးလျက်ရှိသည်ဟု ထုတ်ပြန်သည်။

စာသင်ကျောင်း ၇၀၀ကျော်၌ ဗုံးခိုကျင်းတူးနိုင်ရန်ဆောင်ရွက်ခဲ့ဟု NUG ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာ အသိပေး
စာသင်ကျောင်း ၇၀၀ကျော်၌ ဗုံးခိုကျင်းတူးနိုင်ရန်ဆောင်ရွက်ခဲ့ဟု NUG ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာ အသိပေး

အကြမ်းဖက် စစ်ကောင်စီတပ်ကြောင့် အဘက် ဘက်မှ ဘေးဒုက္ခ ခံစားနေရသော ပြည်သူများနှင့် ပြည်သူ့ဝန်ထမ်းများအား အရေးပေါ် ထောက်ပံ့ကူညီ ပေးခြင်းကို သက်ဆိုင်ရာ မြေပြင်အဖွဲ့များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် အတူပူးပေါင်း လက်တွဲ လျက်ရှိသည်ဟု ဆိုသည်။

အဆိုပါ ထောက်ပံ့မှုများကိုလည်း စစ်တပ်၏ အနှောက်အယှက် အတားအဆီးများကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများသို့ လက်ဝယ် အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ ဝန်ထမ်းပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးတင်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

လူသားချင်း စာနာမှုအကူအညီများသည် ပြည်သူမှ ပြည်သူသို့ အလှူငွေမှ ထောက်ပံ့ခြင်း များဖြစ်ပြီး နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများရရှိနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း လျက်ရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

နိုင်ငံတကာ

ကျောင်းသူတွေ နေတဲ့ အဆောင်ကို တမင် မီးရှို့ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ကင်ညာရဲတပ်ဖွဲ့ဟာ ကျောင်းသူ မိန်းကလေး ၈ ဦးကို ဖမ်းဆီးထားပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။