Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာရှိစစ်​ကောင်စီတပ်စခန်းအား PDFများတိုက်ခိုက်

“စခန်းသိမ်းခံနီးမှာ စစ်ကောင်စီတပ်ဘက်ကလေကြောင်း ပစ်ကူလာလို့ ပြန်ဆုတ်လာရတယ်။ တိုက်ပွဲက မနက် ၅နာရီကနေ ၉နာရီအထိကြာတယ်”ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် အနောက်ပိုင်းတိုင်း၊တပ်ရင်း (၇၀၃)မှ PDFတစ်ဦးကပြောသည်။

(တိုက်ပွဲမှ ပြန်လာ​သောPDFများနှင့် PDF များကိုကြိုဆိုနေကြ​သောဒေသခံပြည်သူများ။ ဓါတ်ပုံ-People's Spring)
(တိုက်ပွဲမှ ပြန်လာ​သောPDFများနှင့် PDF များကိုကြိုဆိုနေကြ​သောဒေသခံပြည်သူများ။ ဓါတ်ပုံ-People's Spring)

▪︎စစ်​တပ်ကရဟတ်ယာဥ်ဖြင့် ၆ ကြိမ်လာပစ်၍ စခန်းမသိမ်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်းPDF များ​ပြော

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာရှိ စစ်ကောင်စီတပ်စခန်းကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ မနက် အ​စောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကောင်စီဘက်မှ အနည်းဆုံး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက​ပြောသည်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပေါက်မြို့နယ်ရှိ အဆိုပါစစ်ကောင်စီစခန်းသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအထိုင်ချထားခြင်းဖြစ်သည်။ ထိုစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ယနေ့ မနက် ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရွာစစ်စခန်းတွင်စစ်​ကောင်စီတပ်သား ၂၅ ဦး​ကျော်နှင့် ပျူများအ​ခြေချ​နေထိုင်​ကြောင်း PDF များက​ပြောသည်။

ပေါက်မြို့နယ်အပါအဝင် ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်​ရေး မဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းခံနီးတွင် စစ်ကောင်စီတပ်ဘက် ရဟတ်ယာဉ်တစ်စီးဖြင့် ခြောက်ကြိမ်တိုင်တိုင်လာ​ရောက်ပစ်ခတ်ခဲ့​သောကြောင့် ဒေသခံကာကွယ်ရေးတပ်များက ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟုပါဝင်တိုက်ခိုက်ခဲ့​သောPDFတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စခန်းသိမ်းခံနီးမှာ စစ်ကောင်စီတပ်ဘက်ကလေကြောင်း ပစ်ကူလာလို့ ပြန်ဆုတ်လာရတယ်။ တိုက်ပွဲက မနက် ၅နာရီကနေ ၉နာရီအထိကြာတယ်”ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် အနောက်ပိုင်းတိုင်း၊တပ်ရင်း (၇၀၃)မှ PDFတစ်ဦးကပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အနည်းဆုံးတစ်ဦး​သေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ကြောင်းလည်းPDFများက​ပြောသည်။

ကုက္ကိုလ်စုကျေးရွာသည် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ စခန်းချပြီး အနီးနားကျေးရွာများကို အနိုင်ကျင့်နှိပ်စက်နေခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကလည်းပြောသည်။ ရွာသည် ပခုက္ကူမြို့နှင့်ပေါက်မြို့ကို ဆက်သွယ်ထားသည့် မုံရွာ-ပုသိမ်လမ်းမကြီးပေါ်တွင်ရှိပြီး ပေါက်မြို့အတွက် အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသည်။

​ဖေ​ဖော်ဝါရီလတွင် စစ်ကိုင်း၊မ​ကွေး၊မန္တ​လေး ရှိစစ်​ကောင်စီတပ်စခန်းများကို PDF များကဆက်တိုက်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ