Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မံစီတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်

KIA တပ်မဟာ(၃) တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ်တွင်လည်း ခြေလျင်လှုပ်ရှားလာသည့် စစ်ကောင်စီတပ် အင်အား ၃၀ ကျော်တပ်ဖွဲ့ကို KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-The New York Times)
(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-The New York Times)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၃) တပ်ရင်း (၂၇) နယ်မြေအတွင်း စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ထုတ်ပြန်သည်။

မံစီမြို့နယ် ဇွပ်ဂျာကျေးရွာအနီး စစ်ရေးလှုပ်ရှားသည့် စစ်ကောင်စီတပ်နှင့် KIA တို့ ယနေ့ ဖေဖော်ဝါရီ ၂၂ရက် နံနက် ၉နာရီ ၁၅ မိနစ်အချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရသည်။

KIA တပ်စခန်း အနီးသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာ၍ KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိမရှိကို ဖော်ပြမထားပေ။

အဆိုပါ နယ်မြေသို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ရက်ကတည်းက စစ်အင်အား တိုးချဲ့ကာအင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားလာ၍ KIAက ကြားဖြတ်တိုက်ခိုက်​နေရာစစ်ကောင်စီတပ်ကသေဆုံးထိခိုက်များခဲ့သည်။

Public Service Announcement

Public Service Announcement

ကချင်သတင်းဌာနအချို့က မံစီမြို့နယ် ဇွပ်ဂျာရွာအနီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသော်လည်းPeople’s Spring သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပေ။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

စစ်​ကောင်စီ​တပ်၏ တံတားဦးနှင့် ​နေပြည်​​တော် ​လေတပ်များမှာ ယ​နေ့တစ်ရက်တည်း YAK- 130 ဂျက်​လေယာဥ်အစီး​ရေ ၁၂ စီး​ကျော်ပျံသန်းခဲ့သည်။အများစုမှာ ကချင်ပြည်နယ် နှင့်ချင်းပြည်နယ်သို့ဖြစ်​ကြောင်း​လေ​ကြောင်းကင်း​ထောက်များထံမှသိရသည်။ပုံမှန်အားဖြင့်စစ်​ကောင်စီတပ်သည် တိုက်ပွဲဖြစ်၍ အထိနာပါက​လေ​ကြောင်းအကူသုံးသလို ၊စစ်ဆင်​ရေးများရှိပါကလည်း ​တိုက်လယာဥ်များကိုသုံး​ကြောင်းစစ်​ကောင်စီ သတင်း​ပေးများက​ပြောသည်။

အဆိုပါနယ်မြေများ၌ စစ်ကောင်စီတပ်များ ဆက်ရှိနေ၍ စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနကဖော်ပြသည်။

KIA တပ်မဟာ(၃) တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ်တွင်လည်း ခြေလျင်လှုပ်ရှားလာသည့် စစ်ကောင်စီတပ် အင်အား ၃၀ ကျော်တပ်ဖွဲ့ကို KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။