Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အုပ်ချုပ်ရေးမှူးနဲ့ပျုစောထီးပစ်သတ်ခံရတဲ့ နေရာတွေကို ညပိုင်း ပိတ်ဆို့စစ်ဆေး

မနေ့က ညပိုင်းလည်း မန္တလေးတောင်အရှေ့ဘက်ခြမ်းရှိ မဲကင်းကုန်း၊ ကုန်းတန်းကျေးရွာတွေမှာ ရွာအဝင်အထွက် ကိုစစ်ကောင်စီတပ်က စစ်ဆေးခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

အာဏာသိမ်းစ အစောပိုင်းကာလတွေမှာတွေ့ရတဲ့ စစ်ကောင်စီတပ်
အာဏာသိမ်းစ အစောပိုင်းကာလတွေမှာတွေ့ရတဲ့ စစ်ကောင်စီတပ်

မန္တလေးမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီလက်ဝေခံ ပျုစောထီးတို့ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ညပိုင်းမှာ ဝင်ရောက်စစ်ဆေးရှာဖွေတာတွေလုပ်နေတယ်လို့ဒေသခံအချို့ကပြောပြပါတယ်။

ဖေဖော်ဝါရီလအတွင်း မန္တလေးမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၂ ဦး ၊ ရာအိမ်မှူး ၁ ဦးနဲ့ ပျုစောထီးတပ်ဖွဲ့ ၁ ဦး တို့ ပုသိမ်ကြီး ၊ ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည်မြို့နယ်တွေထဲ ပစ်သတ်ခံထားရတာပါ။

အဲဒီမြို့နယ်တွေက အခင်းဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တွေကို ပြီးခဲ့တဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်တာ ၊ မွှေနှောက်တာတွေရှိခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ဆင်ရွာကြီးအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီးပျုစောထီးတပ်ဖွဲ့ဝင် လည်းသေဆုံးသွားတဲ့ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဟာ ဆင်ရွာကြီး အပါအဝင် အနီးတဝိုက် ရွာတွေကို ပိတ်ဆို့ စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဆင်ရွာကြီးရွာခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ညပိုင်းလည်း မန္တလေးတောင်အရှေ့ဘက်ခြမ်းရှိ မဲကင်းကုန်း၊ ကုန်းတန်းကျေးရွာတွေမှာ ရွာအဝင်အထွက် ကိုစစ်ကောင်စီတပ်က စစ်ဆေးခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

(ဓာတ်ပုံ − AP)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။