Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန် ကတိပြုထားတဲ့ တင့်ကားတွေ ယူကရိန်းဆီ ရောက်ရှိဖို့ မသေချာ

ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်တိုက်ခိုက်မှု တစ်နှစ်ပြည့်တဲ့ ကာလမှာ အမေရိကန်က အခုလို အားယုတ်စရာ အရှိတရား တစ်ခုကို ထုတ်ဖော် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ဟာ လောလောလတ်လတ် အနေနဲ့ ယူကရိန်းဆီ ခွဲဝေပေးဖို့ M1 Abramsတွေ ဖူဖူလုံလုံ မရှိဘူးလို့ စစ်တပ် အတွင်းရေးမှူး ခရစ္စတင်း ဝေါမတ်သ်က ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပေးပို့သွားမယ်လို့ ကတိပြုထားတဲ့ နည်းပညာမြင့် တင့်ကားတွေဟာ ယူကရိန်းဆီ အမှန်တကယ် ရောက်ရှိဖို့ မသေချာဘဲ ဖြစ်နေကြောင်း သိရပါတယ်။

M1 Abrams တင့်ကားရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတွေထဲက စုစုပေါင်း ၃၁ စီးကို အမေရိကန်က ယူကရိန်းဆီ ပို့ဆောင်ပေးမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမဲ့ အမေရိကန် စစ်တပ်ကတော့ အဲဒီ တင့်ကားတွေဟာ အခုနှစ်ကုန်၊ ဒါမှမဟုတ် လာမယ့် နှစ်ဆန်းပိုင်းလောက်ထိ ယူကရိန်းဆီ ရောက်နိုင်ဖွယ် မရှိသေးဘူးလို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ အချိန်လောက်ထိ စစ်ပွဲက ဆက်ဖြစ်နေမလား ဆိုတာတောင် မသေချာတဲ့ သဘောပါပဲ။

ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်တိုက်ခိုက်မှု တစ်နှစ်ပြည့်တဲ့ ကာလမှာ အမေရိကန်က အခုလို အားယုတ်စရာ အရှိတရား တစ်ခုကို ထုတ်ဖော် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ဟာ လောလောလတ်လတ် အနေနဲ့ ယူကရိန်းဆီ ခွဲဝေပေးဖို့ M1 Abramsတွေ ဖူဖူလုံလုံ မရှိဘူးလို့ စစ်တပ် အတွင်းရေးမှူး ခရစ္စတင်း ဝေါမတ်သ်က ပြောပါတယ်။

ဝေါမတ်သ်က ယူကရိန်းဆီ တင့်ကားတွေ ပို့ဆောင်ဖို့ ဆိုတာဟာ သီတင်းပတ်တွေအတွင်း၊ ဒါမှမဟုတ် လပိုင်းအတွင်း မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အမေရိကန်ဟာ ယူကရိန်းအတွက် တင့်ကားတွေ အမြန်ဆုံး ပေးပို့နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ လေ့လာသူတွေကတော့ ယူကရိန်းဟာ ဂျာမန်လုပ် Leopard 2 တိုက်ပွဲဝင် တင့်ကားတွေကို မျှော်လင့်တာက ပိုလက်တွေ့ကျလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

Leopard 2တွေကို အနောက်ဥရောပ နိုင်ငံ တော်တော်များများမှာ သုံးစွဲနေပြီး လတ်တလောမှာ ယူကရိန်းဆီ ခွဲဝေပေးဖို့ အသင့်ရှိနေကြပါတယ်။ ပြီးတော့ အနောက်နိုင်ငံတွေမှာ ယူကရိန်း တင့်ကား တပ်သားတွေက Leopard 2တွေ မောင်းနှင်မှုအတွက် သွားရောက် လေ့ကျင့်ရာမှာလည်း အခြေအနေတွေ သိသိသာသာ တိုးတက်နေပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်မှုကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အနောက်မဟာမိတ် နိုင်ငံတွေဆီက တိုက်ပွဲဝင် တင့်ကားတွေ အမြန်ဆုံး ထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။ လတ်တလောမှာတော့ ဗြိတိန်က ထောက်ပံ့ထားတဲ့ Challenger 2 တင့်ကားတချို့ဟာ ယူကရိန်း စစ်မြေပြင်မှာ စတင် တိုက်ပွဲဝင်နေပြီလို့ ယူဆရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။