Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတိုက်ပွဲ စစ်ကောင်စီတပ် ၁၂ဦးထက်မနည်းသေဟု မြို့နယ်(ပကဖ) ထုတ်ပြန်

ယနေ့တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပကဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရေစကြို(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်
ရေစကြို(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်

▪︎”ပျူစောထီးစခန်းကရဖို့ကို တော်တော်နီးကပ်နေပြီ။ လက်နက်တွေကောက်ဖို့တွေနဲ့ အဆုံးသတ်ဖို့ပဲ ကျန်တဲ့အချိန်မှာ လေကြောင်းပစ်ကူလာတယ်”-ရေစကြို(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီး

ရေစကြိုမြို့နယ်၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၁၂ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်သည်။

ယနေ့တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပကဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲအနီး ပြည်သူများအားအနိုင်ကျင့်စပ်ကြေးကောက်ခံလျှက်ရှိသော ဇီးတောပျူရွာအား ကာကွယ်ရေးတပ်ရေးရဲဘော်များမှ ယနေ့ (ဖေဖော်ဝါရီ ၂၄ရက်) နံနက်မှစ၍ တိုက်ခိုက်ခဲ့ရာ ပျူစောထီးရွာအား စီးနင်းနိုင်ပြီး စစ်ကောင်စီတပ်နှင့် ပျူများ တပ်စွဲထားသည့် စာသင်ကျောင်းအား အနီးကပ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးခဲ့ပြီး ကျောင်းအတွင်းသို့ ဝင်ရောက်ရန် စီစဉ်နေစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခြင်း၊ မြေပြင် စစ်ကြောင်းမှ အင်အားအလုံးအရင်းဖြင့် စစ်ကူလာရောက်ခြင်း တို့ကြောင့် ကာကွယ်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၈ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အခြေအနေခြုံကြည့်ရင်တော့ လေကြောင်းကိစ္စက ကျွန်တော်တို့ တော်လှန်ရေး အရှိန်မြှင့်ဖို့တော့ ဒီဝေဟင်ပြဿနာက တော်လှန်ရေးရဲ့ အပေါ် တော်တော်ကြီးကို သက်ရောက်မှုရှိစေတာ။ အဲဒီပြဿနာ မရှင်းနိုင်ရင် တော်လှန်ရေး နောက်တစ်ဆင့်တက်ဖို့မလွယ်လောက်တဲ့အနေအထားရောက်နေတယ်”ဟု ရေစကြို(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

တစ်ပြိုင်တည်း၌ပင် ခမရ (၂၅၇)တပ်ရင်းမှစစ်ကူများမလာနိုင်စေရန် အဆိုပါတပ်ရင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရေစကြိုမြို့ပေါ်မှ စစ်ကူလာသည့် ၁၂ဘီးကားကိုလည်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ယာဥ်ပျက်စီးသွားပြီး စစ်ကောင်စီတပ်က လေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

“ဇီးတောပျူစောထီးရွာက ပျူစောထီးစခန်းကရဖို့ကို တော်တော်နီးကပ်နေပြီ။ လက်နက်တွေကောက်ဖို့တွေနဲ့ အဆုံးသတ်ဖို့ပဲ ကျန်တဲ့အချိန်မှာ လေကြောင်းပစ်ကူ လာတယ်။ ပြီးရင် (၂၅၆)တပ်ထဲကနေ လက်နက်ကြီး ပစ်ကူပေးတယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။