Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်ယာဥ်သုံးစီး မိုင်းဖြင့်တိုက်ခိုက်၊ နှစ်စီးပျက်စီးဟု ပကဖ ပြော

ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးမှာနေရာတွင် ထိုးရပ်ပျက်စီးသွားကြောင်း ၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံး အခြေအနေအား ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်သည်။

ရေစကြို(ပကဖ)တပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ရေစကြို(ပကဖ)တပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း တစ်ခုအတွင်းမှ ထွက်လာသည့် ယာဥ်သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)တွင် ရေစကြို ခလရ(၂၅၈)တပ်မှ အိမ်စီးကား သုံးစီးဖြင့် မြို့အတွင်းဝင်လာသည့် စစ်ကောင်စီတပ်သားများအား စိုက်ပျိုးရေး ခြံအနီးအရောက် ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

“ဒီလိုပဲ ကျွန်တော်တို့က အကြမ်းဖက်စစ်တပ်ကို ရရာနေရာကနေ ရရာလက်နက်နဲ့ ရတဲ့အချိန်မှာပဲ ကျွန်တော်တို့က တွန်းလှန်တိုက်ခိုက်သွားမှာပဲ။ ဒီလိုမျိုးရတဲ့အချိန် ရတဲ့နေရာမှာ ရတဲ့ လက်နက်နဲ့ တွန်းလှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ ညီညီညွတ်ညွတ်ပေါ့ မဟာမိတ်အနေနဲ့ လက်တွဲပြီးတိုက်ထုတ်သွားမှာပဲ”ဟု ရေစကြို(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးမှာနေရာတွင် ထိုးရပ်ပျက်စီးသွားကြောင်း ၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံး အခြေအနေအား ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် (၂၅၈)တပ်အတွင်း ရုတ်ရုတ်သဲသဲဖြစ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက် ည ၁၀နာရီခန့်ကလည်း ရေစကြိုမြို့၊ အမှတ်(၂)စည်ပင်သာယာရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လောင်ချာဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးဒဏ်ရာရရှိကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။