Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်း စစ်တပ်ထိုးစစ်ခုခံနေတဲ့ ရဲဘော်တွေအတွက် ရိက္ခာရှာဖွေမှု ကမ်ပိန်း ဆန်အိတ် ၁၀၀၀ နီးပါးရ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

(ချင်းတောင်ပိုင်းမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းရဲဘော်တွေ။ ဓာတ်ပုံ - CPU / CPA Fundraising)

ဩဂုတ် ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်က မေလလယ်ကတည်းက ချင်းတောင်ပိုင်းကို အင်အားထောင်ချီ၊ လေကြောင်းပစ်ကူများစွာနဲ့ ထိုးစစ်ဆင်လာလတာကို ချင်းတပ် CPU/CPAနဲ့ မဟာမိတ်တွေက ခုခံတွန်းလှန်နေတာဖြစ်ပါတယ်။ တိုက်ပွဲဟာလည်း ၂လခွဲခန့်ရှိနေပါပြီ။

စစ်တပ်ထိုးစစ် ခုခံနေတဲ့ ရဲဘော်တွေအတွက် တလအတွင်း ဆန်အိတ်ရေ ၂၀၀၀ (ဆန်တအိတ် ကျပ်တသိန်းခွဲနှုန်းဖြင့်)ရရှိရေး သတ်မှတ်ပြီး ကမ်ပိန်းပြုလုပ်လျက်ရှိရာ လက်ရှိမှာသတ်မှတ်ထားတာရဲ့ ၄၅ ရာခိုင်နှုန်း(ဆန်အိတ် ၁၀၀၀ ခန့်)ရရှိထားပြီလို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“CPU/ CPA ရဲ့ ဒီနေ့အောင်ပွဲထုတ်ပြန်ချက်သတင်းကို မိဘပြည်သူများဖတ်ပြီးပြီလို့ထင်ပါတယ်။ ထုတ်ပြန်ချက်အရရန်သူ့တပ်ရင်းမှူး ဗိူလ်မှူးကျော်ဆက်အပါ ရန်သူ့တပ်မှူးအချို့ကျဆုံး တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရသည်အထိ ဒရုန်းအပါအဝင် လက်နက်ကြီး လက်နက်ငယ် မျိုးစုံ သိမ်းပိုက်ရရှိသည်အထိ အောင်မြင်မှုယူထားနိုင်ပါတယ်” လို့ CPU/CPA ထောက်ပို့ဌာနက မနေ့က အသိပေးထားပါတယ်။

CPU/CPA ကလည်း ချင်းတောင်ပိုင်း တိုက်ပွဲသတင်းကို ဩဂုတ် ၁ရက်က ထုတ်ပြန်ခဲ့ရာ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးထိခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ စစ်သုံ့ပန်းတွေ ဖမ်းမိထားသလို အလင်းဝင်လာသူတွေလည်းရှိဟု မှတ်တမ်းပုံတွေနဲ့ ဖော်ပြထားပါတယ်။

CPU/CPA ထောက်ပို့ဌာနကလည်း ရိက္ခာcampaign တဝက်ကျော်လာပြီဖြစ်လို့ သတ်မှတ်ထားတဲ့အတိုင်း ပြည့်မီရေး ပြည်သူတွေပါဝင်ပေးကြဖို့ နှိုးဆော်ထားပါတယ်။

“စကစ ဘက်က ဆက်ပြီးလူအင်အား လက်နက်အင်အားထပ်တိုးလာခဲ့ရင် ဆက်လက်ခုခံဖို့အတွက် ကျွန်တော်တို့မှာ အခြေခံရိက္ခာလုံလောက်နေဖို့လိုပါတယ်” လို့ ထုတ်ပြန်ပါတယ်။

CPU/ CPA ထောက်ပို့ဌာနက ဦးဆောင်ပြီး ပြုလုပ်နေတဲ့ ရိက္ခာကမ်ပိန်းဟာ ဇူလိုင် ၁၆ရက်က စတင်ခဲ့တာ ဖြစ်ပြီး ဩဂုတ် ၁၅ရက်ထိ တလကြာမြင့်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။