Connect with us

Hi, what are you looking for?

News

စစ်ကောင်စီဗဟိုဘဏ်က တစ်ဒေါ်လာ ၁,၇၅၀ကျပ်နှုန်းဖြင့် ဒေါ်လာ ၈သန်းရောင်းချ

ဒေါ်လာ ၂၃ သန်းတွင် ကျပ်ငွေ သန်း ၄၆၀ခန့် ကွာဟမည်ဖြစ်ပြီး ထိုဈေးနှုန်းဖြင့် အခြားလုပ်ငန်းရှင်များက လိုချင်ကြောင်းပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာ ၁,၇၅၀ကျပ်နှုန်းဖြင့် ဒေါ်လာ ၈သန်းကို အောက်ဈေးနှင့် စက်တင်ဘာ၁၅ရက်တွင် ရောင်းချလိုက်လိုက်သည်။

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁,၉၄၀ကျပ်ပေါက်ဈေးရှိနေချိန်တွင် ယခုလို တစ်ဒေါ်လာကို ကျပ် ၂၀၀ခန့်ခွာ၍ စစ်ကောင်စီဗဟိုဘဏ်က ရောင်းချလိုက်ခြင်းဖြစ်သည်။

ပြင်ပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၂,၁၀၀အထိမြင့်တက်လာချိန်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က စက်တင်ဘာ ၁၃ရက်တွင် ဒေါ်လာ ၁၅ သန်းနှင့် ယခု စက်တင်ဘာ ၁၅ရက်တွင် ၈သန်းရောင်း ချခဲ့ခြင်းဖြစ်သည်။

ထိုသို့ရောင်းချသော်လည်း ဈေးကွက်အတွင်း တိုက်ရိုက်ဝယ်ယူခွင့်မရဘဲ ဘဏ်များမှ တစ်ဆင့် စစ်ကောင်စီဗဟိုဘဏ်က လုပ်ငန်းရှင်များကို ရောင်းချရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒေါ်လာ ၂၃ သန်းတွင် ကျပ်ငွေ သန်း ၄၆၀ခန့် ကွာဟမည်ဖြစ်ပြီး ထိုဈေးနှုန်းဖြင့် အခြားလုပ်ငန်းရှင်များက လိုချင်ကြောင်းပြောသည်။

Public Service Announcement

“ဗဟိုဘဏ်က ရောင်းလိုက်တယ်ပဲကြေငြာတာ။ ဘယ်သူကိုရောင်းလိုက်တယ်ဆိုတာ မသိရဘူး။ဒီလိုဈေးနဲ့လိုချင်တဲ့သူတွေ အများကြီးပဲ”ဟု လုပ်ငန်းရှင်တစ်ဦးက ပြော သည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က စစ်တပ်အာဏာသိမ်းခဲ့ ၇လခွဲအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၇၀ခန့်ကို ထုတ်ရောင်းခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ရောင်းချရာတွင်လည်း ပြင်ပေါက်ဈေးထက်အဆမတန်လျော့ချရောင်းချခဲ့ခြင်းဖြစ်သည်။

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာ ၁,၉၄၀ကျပ် ရှိသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က အောက်ဈေးဖြင့်ဒေါ်လာများရောင်းချပြီးနောက် စစ်ကောင်စီကိုထောက်ခံသော ဖေ့စ်ဘွတ်ခ်အကောင့်တုများက ဒေါ်လာဈေးကျဆင်းလာပြီဖြစ်ကြောင်း ဝါဒဖြန့်နေသည်။

“ခုနှစ်လအတွင်းမှာ (၇၀၀)လောက်ဈေးတက်လာလေ။ ဒါကို (၅၀)လောက် ပြန်ကျတာကို ဈေးကျမယ် လော်နေကြတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြော သည်။

စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁,၃၃၇ ကျပ်ရှိပြီး စစ်အာဏာသိမ်းခဲ့သည့် ၇ လကျော်အတွင်း ကျပ် ၇၀၀ခန့်မြင့်တက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်းနေခြင်းကြောင့် ပြည်တွင်း ဒေါ်လာဈေးသည့် အကျမရှိနိုင်ကြောင်းနှင့် နိုင်ငံအနှံစစ်ရေးတင်းမာလာခြင်းကြောင့် ဒေါ်လာဈေး သည် ဆက်လက်မြင့်တက်နိုင်သည်ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။