Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးကျည်ထိမှန်၍ စာကျက်နေသည့်(၁၀)တန်းကျောင်းသား ညီအစ်ကိုနှစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန်လည်း KNDFက တိုက်တွန်းသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် (၁၀)ကျော်သက်အရွယ်ညီအကိုနှစ်ဦး​၏ ရုပ်အလောင်းအားတွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် (၁၀)ကျော်သက်အရွယ်ညီအကိုနှစ်ဦး​၏ ရုပ်အလောင်းအားတွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးကျည်ထိမှန်၍ စာကျက်နေသည့် (၁၀)တန်း ကျောင်းသားနှင့် ၎င်း၏ ညီဖြစ်သူတို့ သေဆုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၁၁က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီခွဲခန့်က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သဖြင့် ဘုန်းကြီးကျောင်းတွင် စာကျက်နေသော (၁၀)တန်းကျောင်းသား အသက်(၁၉)နှစ်နှင့် သူ၏ညီ အသက်(၁၅)နှစ် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် ဇရပ်အပါအဝင် ဘုရားဆင်းတုတော်များ၊ မီးစက်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းများစွာလည်း ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန်လည်း KNDFက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ဖယ်ခုံအခြေစိုက်စစ် ကောင်စီတပ်လက်နက်ကြီးများဖြင့် စစ်မဖြစ်သော ရွာများသို့ အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်း လက်နက်ကြီး သုံးလုံး ကျခဲ့သည်။

ထိုဖြစ်စဥ်တွင် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦး(ဗိုက်ပွင့် စိုးရိမ်ရ)နှင့် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး (နံရိုးထိ) ထိခိုက်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ အကြမ်းဖက်စစ်ရာဇဝတ်မှုများကြောင့် ကရင်နီပြည်နယ်(ဖယ်ခုံ၊ မိုးဗြဲ)အပါအဝင်ဖေဖော်ဝါရီအတွင်း အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။