Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအနေဖြင့် နေပြည်တော်အပါအဝင် မည်သည့်နေရာတွင်မှ လုံခြုံရာရှာမရနိုင်ကြောင်း သိစေရမည်ဟု NUG နေပြည်တော်ပြော

မတ်လ ၁ရက်တွင် ဝန်ကြီးဦးရည်မွန်က PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့် အစီအစဉ်၌ ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

(​​ဖေ​ဖော်ဝါရီလအတွင်းနေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကိုအ​ဝေး​ပစ်ဒုံးဖြင့်ပစ်ခတ်​နေမှု နှင့် စစ်ကိုင်း၊မ​ကွေး၊ ပဲခူးတိုင်းတို့တွင် စစ်​ကောင်စီစခန်း၊စစ်​ကြောင်းများကိုတိုက်ခိုက်ပြီး​နောက်လက်နက်ခဲယမ်း ၊ဆက်စပ်ပစ္စည်းများသိမ်းဆည်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NPT-PDF ၊Bago RegionPDF၊ CJ)

▪︎တစ်ရက်အတွင်း တိုက်ပွဲပေါင်း ၆၅ ခုကို တစ်ပြိုင်တည်း ဟန်ချက်ညီ ဖော်ဆောင်နိုင်ခဲ့ဟု အသိပေး

ပြည်သူကို ဆန့်ကျင်သည့်စစ်ကောင်စီ အနေဖြင့် နေပြည်တော်အပါအဝင်မည်သည့်နေရာတွင်မှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုသည်ကို ၎င်းတို့ သိစေရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

မတ်လ ၁ရက်တွင် ဝန်ကြီးဦးရည်မွန်က PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့် အစီအစဉ်၌ ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတော့ PDF တပ်မတော်အတွက် ဂုဏ်ယူစရာ တလတစ်လ ဖြစ်ခဲ့တယ်။ ဒီလ အတွင်း စစ်တိုင်းနဲ့စစ်ဒေသ (၃) ခုလုံးက PDF တပ်ရင်းများ၊ ပကဖများ၊ LDF များ လက်တွဲပါဝင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် (၇၀) တိတိ ဖော်ဆောင် နိုင်ခဲ့ကြတယ်” ဟု ဝန်ကြီးက ပြောသည်။

(​​ဖေ​ဖော်ဝါရီလအတွင်းနေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကိုအ​ဝေး​ပစ်ဒုံးဖြင့်ပစ်ခတ်​နေမှု နှင့် စစ်ကိုင်း၊မ​ကွေး၊ ပဲခူးတိုင်းတို့တွင် စစ်​ကောင်စီစခန်း၊စစ်​ကြောင်းများကိုတိုက်ခိုက်ပြီး​နောက်လက်နက်ခဲယမ်း ၊ဆက်စပ်ပစ္စည်းများသိမ်းဆည်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NPT-PDF ၊Bago RegionPDF၊ CJ)
(​​ဖေ​ဖော်ဝါရီလအတွင်းနေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကိုအ​ဝေး​ပစ်ဒုံးဖြင့်ပစ်ခတ်​နေမှု နှင့် စစ်ကိုင်း၊မ​ကွေး၊ ပဲခူးတိုင်းတို့တွင် စစ်​ကောင်စီစခန်း၊စစ်​ကြောင်းများကိုတိုက်ခိုက်ပြီး​နောက်လက်နက်ခဲယမ်း ၊ဆက်စပ်ပစ္စည်းများသိမ်းဆည်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NPT-PDF ၊Bago RegionPDF၊ CJ)

တိုက်ပွဲဖော်ဆောင်ရာ ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့် နေပြည်တော်တို့ ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲပေါင်း (၇၀) အနက် (၆၅)ပွဲ ကိုတော့ (၂၄)နာရီအတွင်း တပြိုင်တည်း ဟန်ချက်ညီ ဖော်ဆောင်နိုင်ခဲ့ကြတာ ဖြစ်တယ်။ ဒီစစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ်စခန်း(၂)ခုနဲ့ ရဟတ်ယာဥ်ကွင်း (၁)ခု၊ ကပစစက်ရုံ (၃)ခု၊ တိုင်းစစ်ဌာနချုပ် (၁)ခုနဲ့ တပ်မဌာနချုပ် (၁)ခု၊ ရန်သူ့အထိုင်နဲ့နောက်တန်းစခန်း (၂၆)ခု၊ ရဲစခန်း (၉)ခု၊ ရန်သူ့စစ်ကြောင်း (၂)ခု၊ ပျုစောထီးစခန်း (၁၅)ခုတို့ ပါဝင်တယ်။ တိုင်းဒေသများနည်းတူ ပြည်နယ်တွေ မှာလည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့ PDF ရဲဘော်တွေ လက်တွဲပြီး မြို့ပြစစ်ဆင်မှု နဲ့စခန်းသိမ်းစစ်ဆင်မှုများ ဟန်ချက်ညီဆောင်ရွက်ခဲ့ကြတယ်ဆိုတာလည်း အသိပေးလိုတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ထိုသို့ ဆောင်ရွက်နိုင်ခြင်းက PDF တပ်မတော်၏ စစ်ရေးစွမ်းရည် နောက်တစ်ဆင့် တိုးတက်လာမှုကို ဖော်ပြသည့် ပြယုဂ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

(​​ဖေ​ဖော်ဝါရီလအတွင်းနေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကိုအ​ဝေး​ပစ်ဒုံးဖြင့်ပစ်ခတ်​နေမှု နှင့် စစ်ကိုင်း၊မ​ကွေး၊ ပဲခူးတိုင်းတို့တွင် စစ်​ကောင်စီစခန်း၊စစ်​ကြောင်းများကိုတိုက်ခိုက်ပြီး​နောက်လက်နက်ခဲယမ်း ၊ဆက်စပ်ပစ္စည်းများသိမ်းဆည်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NPT-PDF ၊Bago RegionPDF၊ CJ)
(​​ဖေ​ဖော်ဝါရီလအတွင်းနေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကိုအ​ဝေး​ပစ်ဒုံးဖြင့်ပစ်ခတ်​နေမှု နှင့် စစ်ကိုင်း၊မ​ကွေး၊ ပဲခူးတိုင်းတို့တွင် စစ်​ကောင်စီစခန်း၊စစ်​ကြောင်းများကိုတိုက်ခိုက်ပြီး​နောက်လက်နက်ခဲယမ်း ၊ဆက်စပ်ပစ္စည်းများသိမ်းဆည်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NPT-PDF ၊Bago RegionPDF၊ CJ)

“ ဒါဟာ Chain of Command ပိုကောင်းအောင် တည်ဆောက်နိုင်မှုနဲ့ လက်နက်တိုးမြှင့်တပ်ဆင်နိုင်မှုရဲ့ ရလဒ်လို့လည်း ဆိုနိုင်တယ်။ ဒီစစ်ဆင်မှုက အကြမ်းဖက်စစ်ကောင်စီကို စိတ်ပိုင်းရော ရုပ်ပိုင်းပါ အထိနာစေခဲ့သလို PDF တပ်မတော်ကိုလည်း အဆုံးအဖြတ်နဲ့အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲဖို့ ယုံကြည်မှု ပိုပြီး တိုးပွားစေခဲ့တယ်လို့ ငါတို့ နားလည်တယ်။” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယခုကဲ့သို့ ဟန်ချက်ညီ ဗျုဟာမြောက်စစ်ဆင်မှုကို ရှေ့တွင် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

“ငါတို့ရဲ့မဟာဗျုဟာက ကွက်ပြည့်နင်းတဲ့ဗျုဟာ ဖြစ်တယ်။ ပြည်သူထောက်ခံပါဝင်တဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အင်အားတည်ဆောက်ပြီး အကြားအလပ်မရှိ တိုက်ပွဲဝင် ကြဖို့ဖြစ်တယ်။ ဒါသည်ပင် နွေဦးပြည်သူ့တော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်သလို အားသာချက်လည်း ဖြစ်တယ်” ဟုလည်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

(​​ဖေ​ဖော်ဝါရီလအတွင်းနေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကိုအ​ဝေး​ပစ်ဒုံးဖြင့်ပစ်ခတ်​နေမှု နှင့် စစ်ကိုင်း၊မ​ကွေး၊ ပဲခူးတိုင်းတို့တွင် စစ်​ကောင်စီစခန်း၊စစ်​ကြောင်းများကိုတိုက်ခိုက်ပြီး​နောက်လက်နက်ခဲယမ်း ၊ဆက်စပ်ပစ္စည်းများသိမ်းဆည်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NPT-PDF ၊Bago RegionPDF၊ CJ)
(​​ဖေ​ဖော်ဝါရီလအတွင်းနေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကိုအ​ဝေး​ပစ်ဒုံးဖြင့်ပစ်ခတ်​နေမှု နှင့် စစ်ကိုင်း၊မ​ကွေး၊ ပဲခူးတိုင်းတို့တွင် စစ်​ကောင်စီစခန်း၊စစ်​ကြောင်းများကိုတိုက်ခိုက်ပြီး​နောက်လက်နက်ခဲယမ်း ၊ဆက်စပ်ပစ္စည်းများသိမ်းဆည်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NPT-PDF ၊Bago RegionPDF၊ CJ)

တိုက်ပွဲဝင်နိုင်စွမ်း အားနည်းနေသေးသည့်ဒေသများက ရဲဘော်များအနေဖြင့်လည်း အင်အားတည်ဆောက်မှုကို တိုးချဲ့လုပ်ဆောင်နေကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်တဲ့ထောက်ပံ့မှု၊တပ်ဆင်မှုများကိုဆက်တိုက်ဆောင်ရွက်နေကြောင်း အသိပေးသည်။

“ အမျိုးသားညီညွတ်ရေးအစိုးရနဲ့PDF တပ်မတော်ရဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ပါဝင်မှုဟာလည်း ပိုပြီးအားကောင်း လာတဲ့အတွက် မကြာခင်မှာပြည်သူ့တော်လှန်ရေးရဲ့မဟာဗျုဟာအတိုင်း ပိုပြီး ကွက်ပြည့်နင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook