Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ အချုပ်ကားပေါ်ကထွက်ပြေးသူ ၉ ဦးအနက် ၄ဦးပြန်ဖမ်းခံရ

အချုပ်ကားပေါ်ကနေ အချုပ်သား ၉ ဦး ထွက်ပြေးတာဟာ မတ်လ ၁ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်က ရန်ကုန် − မန္တလေး လမ်းဟောင်း နေပြည်တော် တပ်ကုန်းမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့အချုပ်ကားကိုတွေ့ရစဉ် (ပုံဟောင်း)
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့အချုပ်ကားကိုတွေ့ရစဉ် (ပုံဟောင်း)

နေပြည်တော်တရားရုံးမှာရုံးထုတ်ပြီး ရမည်းသင်းအချုပ်ထောင်ကိုအပြန် ထွက်ပြေးသွားတဲ့ အချုပ်သား ၉ ဦး ကို တောနင်းရှာဖွေရာအသေမိသူ ၁ဦးအပါအဝင် စုစုပေါင်း ၄ ဦးပြန်မိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရဲအသိုင်းအဝိုင်းဆီကသိရပါတယ်။

အချုပ်ကားပေါ်ကနေ အချုပ်သား ၉ ဦး ထွက်ပြေးတာဟာ မတ်လ ၁ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်က ရန်ကုန် − မန္တလေး လမ်းဟောင်း နေပြည်တော် တပ်ကုန်းမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်ကို စစ်အုပ်စုရဲ့ ထုတ်ပြန်မှုမှာ အချုပ်သားတွေဟာ အချုပ်ကားနောက်ခန်းမှာ အစောင့်ပါလာတဲ့ ရဲဆီက သေနတ်လုကာ ပစ်ခတ်ပြီး ထွက်ပြေးသွားတာလို့ ဖော်ပြပါတယ်။

ပစ်ခတ်မှုကြောင့် ရဲတစ်ဦးရင်ဘတ်ကျည်မှန်ပြီး စိုးရိမ် ရပေမယ့် အချုပ်သားတွေ လုသွားတဲ့ သေနတ်ကို လုံးထွေး ပြန်လုရာမှာ ပြန်ရခဲ့တယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေရာ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း သဲဖြူကျေးရွာနဲ့ ရွှေစုကျေးရွာကြား ပြောင်းခင်းမှာတင် ၄ ဦး မိပြီး ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ၄ဦးထဲမှာ ၁ ဦး ကိုပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

သေဆုံးသွားသူဟာ အသက် ၁၉ နှစ်အရွယ် လူငယ်ဖြစ်ပါတယ်။ကျန်တဲ့ ၅ ဦးကတော့ လွတ်မြောက်နေဆဲလို့သိရပါတယ်။

ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလကုန်ပိုင်းက မန္တလေးမြို့ မြစ်ငယ်နားမှာ ကျောက်ဆည်ကနေ အိုးဘိုထောင်ကိုသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေသယ်လာတဲ့အချုပ်ကားကိုတော်လှန်ရေးအဖွဲ့ က ကြားဖြတ်တိုက်ခိုက်ပြီးကယ်ထုတ်ခဲ့တာမျိုးရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲ၂ ဦး သေပြီး အချုပ်သား ၈ ဦးထွက်ပြေးနိုင်ခဲ့ပေမယ့် ၆ ဦးပြန်ဖမ်းခံခဲ့ရပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။