Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် ရဲကားအားတိုက်ခိုက်ရန် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲ၍ ပြောက်ကျား ရဲဘော်နှစ်ဦးကျဆုံး

ယမန်နေ့ (မတ်လ ၂ရက်) ညပိုင်း ၈နာရီခွဲက ကင်းပတ်နေသည့် ရဲကားအား အင်းတော်မြို့ လမ်းဆုံမီးပွိုင့်တွင် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားနေသည့် အသက်(၂၀)ကျော်အရွယ် ရဲဘော်နှစ်ဦး မတော်တဆဖြစ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(အင်းတော်မြို့ လမ်းဆုံမီးပွိုင့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Indaw Revolution-IR)
(အင်းတော်မြို့ လမ်းဆုံမီးပွိုင့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Indaw Revolution-IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ ရဲကားအားမိုင်းဖြင့် တိုက်ခိုက်ရန် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ရသည်ဟု Indaw Revolution က ဖော်ပြသည်။

ယမန်နေ့ (မတ်လ ၂ရက်) ညပိုင်း ၈နာရီခွဲက ကင်းပတ်နေသည့် ရဲကားအား အင်းတော်မြို့ လမ်းဆုံမီးပွိုင့်တွင် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားနေသည့် အသက်(၂၀)ကျော်အရွယ် ရဲဘော်နှစ်ဦး မတော်တဆဖြစ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ညတုန်းက သူတို့ရဲ့ဘန်ကာမှာ ဖြစ်တာပေါ့။ ဘန်ကာပျက်စီးသွားတယ်။ ဒီဟာက မိုင်းဆင်ရင်းမတော်တဆ ပေါက်ကွဲမှုတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတာပေါ့။ သူတို့ကတော့ ကင်းပတ်တဲ့ ခွေးကားကို မိုင်းထောင်တာ။ ည ၈နာရီလောက်ဆိုတော့ မီးကလည်း သိပ်မမြင်ရဘူးဆိုတော့ မိုင်းဆိုတာက အန္တရာယ်များတယ်လေ”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

ရုပ်အလောင်းအား စစ်ကောင်စီတပ်က ကောက်ယူပြီး အင်းတော်သင်္ချိုင်း၌ သင်္ဂြိုလ်ခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ