Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နယ် ဆယ်ဇင်းဒေသတိုက်ပွဲ ပြင်းထန်နေ

Kachin News Group ၏ ဆိုင်းတောင် တိုက်ပွဲ ဖော်ပြချက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်၍ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီနဲ့ ရှမ်းနီတပ်အထိနာဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများသည်ဟု သိရကြောင်း ဆယ်ဇင်းဒေသခံက ပြောသည်။

ဆယ်ဇင်းဒေသ မှန်စိမ်းကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် နေရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာ၍ မတ်လ ၆ရက် နံနက်မှစ၍ တိုက်ပွဲ ပြင်းထန်နေသည်ဟု ဆိုသည်။

“အခုလောလောဆယ် ဆယ်ဇင်းနားမှာ ဖြစ်နေတာ။ အခု မနက်ကနေဖြစ်တာ အခုအချိန်ထိ မပြီးသေးဘူး။ ဆယ်ဇင်းဘေးနားတင်ပဲ။ SNA နဲ့ ဒီဘက်က KIA/PDFနဲ့ ဖြစ်တာပေါ့။ SNAဘက်မှာက စစ်ကောင်စီလည်း ပါမှာပေါ့။ သူတို့ကအမြဲတမ်း ပူးပေါင်းနေတဲ့သူတွေဆိုတော့လေ။ သူတို့ဘက်က အထိအခိုက်တော်တော်များတယ်လို့ ကြားပါတယ်။ မပြီးတော့ မပြီးသေးဘူး ပွဲက။ အခုထိဖြစ်နေတုန်း” ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ဖားကန့်မြို့နယ် ဆိုင်းတော်(ဆိပ်မူ)ရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIAနှင့်PDF ပူးပေါင်းတပ်က ယမန်နေ့ ညပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်မသိရသေးဟုဆိုသည်။

Public Service Announcement

Public Service Announcement

Kachin News Group ၏ ဆိုင်းတောင် တိုက်ပွဲ ဖော်ပြချက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်၍ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဖားကန့်နယ် ဆယ်ဇင်းဒေသ၌ KIAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်