Connect with us

Hi, what are you looking for?

သတင်း

MNDAA၏ ကိုးကန့်ဒေသအလုံးစုံပြန်လည်ရရှိရေးရည်မှန်းချက်အတွက် ရပ်တည်တိုက်ပွဲဝင်မည်ဟု TNLAနှင့် AA သဝဏ်လွှာပို့

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ဟု ခေါ်ဆိုသည့် MNDAA၏ ယနေ့ကျရောက်သည့် (၃၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ TNLAနှင့် AAက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA)
(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA)

ကိုးကန့်တပ်မတော်(MNTJP/MNDAA)၏ လက်ထဲသို့ ကိုးကန့်ဒေသ အလုံးစုံပြန်လည်ရရှိရေးလုပ်ငန်းများနှင့် ဘုံစစ်ရေး၊နိုင်ငံရေးရည်မှန်းချက်များကိုအကောင်အထည်ဖော်ဆောင်သည့် နေရာတွင် ညီနောင်မဟာမိတ် အဖွဲ့ နှစ်ဖွဲ့ ဖြစ်သည်နှင့်အညီ ညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း တအာင်းတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)က ပူးတွဲပြီး သဝဏ်လွှာပေးပို့သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ဟု ခေါ်ဆိုသည့် MNDAA၏ ယနေ့ကျရောက်သည့် (၃၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ TNLAနှင့် AAက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

MNDAAသည် ကိုးကန့်နယ်မြေ အလုံးစုံ ပြန်လည်ရရှိရေး၊ ကိုးကန့်အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး ဘ၀တူ ညီနောင်မဟာမိတ်များနှင့်လက်တွဲ၍ လည်းကောင်း၊ နွေဦးတော်လန်ရေးမှ ပေါက်ဖွားလာသော စစ်အာဏာရှင်စနစ်အား တိုက်ထုတ်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ ဘုံရည်မှန်းချက်တူပြီး စုပေါင်းလုပ်ဆောင်၍ရသောအဖွဲ့အစည်းများ၊ ပြည်သူ့ယုံကြည်မှု ထောက်ခံမှု ရရှိထားသော အဖွဲ့အစည်းများနှင့်လည်းကောင်း ဟန်ချက်ညီ တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း TNLAနှင့် AA တို့၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

MNDAA၏ စစ်ရေး ၊နိုင်ငံရေးရည်မှန်းချက်များကိုးကန့်လူမျိုးများ မျှော်လင့်နေသော မျှော်မှန်းချက်များ အမြန်ဆုံးအကောင်အထည်ဖော် နိုင်ပါစေဟုလည်း သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

MNDAA၊ TNLA၊ AA သုံးဖွဲ့သည် စစ်ရေး၊နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့်အပြင် ၀လက်နက်ကိုင်အဖွဲ့(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)၏ အဖွဲ့ဝင်အဖွဲ့အစည်းများလည်း ဖြစ်သည်။

MNDAAကို ဦးဖုန်ကြားရှင် ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရနှင့် ၁၉၈၉တွင် အပစ်ရပ်စဲကာ မြန်မာနိုင်ငံ၏ အထူးဒေသ(၁)အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၀၉တွင် စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုကို လက်မခံ၍ စစ်ရေးအရ တိုက်ခိုက်ခံခဲ့ရသည်။

ဦးဖုန်ကြားရှင် ကွယ်လွန်သွားပြီးနောက် လက်ရှိတွင် MNTJP/MNDAA ခေါင်းဆောင်အဖြစ် ဦးဖုန်တာရွှင်က ဦးဆောင်လျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းမြောက်ဒေသအချို့၌ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။