Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သိန္နီတိုက်ပွဲ စစ်ကောင်စီတပ်မှ ၃၀ကျော်သေဆုံးဟု MNDAA အသိပေး

ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် MNDAA ဘက်က ရဲဘော် တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း ယမန်နေ့တိုက်ပွဲ၌ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

(MNDAA ​မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - The KoKang)
(MNDAA ​မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - The KoKang)

▪️အလောင်းများကို ကားများဖြင့်အကြိမ်ကြိမ် သယ်ဆောင်သွားဟု ထုတ်ပြန်၊ ယမန်နေ့က တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီခရိုင်တွင် ကိုးကန့် တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ကျော် သေဆုံးခဲ့သည်ဟု MNDAAက ယနေ့ သတင်းထုတ်ပြန်သည်။

သိန္နီခရိုင်တွင် MNDAAနှင့် စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁၃ရက်နှင့် ၁၄ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

“ ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်သား ၃၀ကျော် သေဆုံး ဒဏ်ရာရရှိခဲ့ပြီး ၁၄ရက်နေ့ နံနက် ၁နာရီတွင်စစ်ကောင်စီတပ်၏ လူနာတင်ယာဉ်များနှင့်စစ်ယာဉ်များ သည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အကြိမ်ပေါင်းများစွာ အပြန်အလှန် သွားလာလျက် ရှိပြီးစစ်ကောင်စီတပ်သားများ၏ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို သယ်ယူသွားခဲ့သည်” ဟု MNDAAက ထုတ်ပြန်သည်။

(MNDAA ​မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - The KoKang)
(MNDAA ​မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ – The KoKang)

ယမန်နေ့ တိုက်ပွဲသည်လည်း နံနက် ၁၁နာရီခွဲမှ စတင်ခဲ့ပြီး ၂နာရီကြာမြင့်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အသေအပျောက်ကိုမူ မသိရသေးကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် MNDAA ဘက်က ရဲဘော် တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း ယမန်နေ့တိုက်ပွဲ၌ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုရှိ၊မရှိ အခြေအနေကို မေးမြန်းရန် ကိုးကန့် သတင်းရင်းမြစ်အချို့ထံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် အာဏာသိမ်းကာလအတွင်း ကွတ်ခိုင်၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ ချင်းရွှေဟော်ဒေသများ၌ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်။

You May Also Like

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

သတင်း

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

သတင်း

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများကို ရုတ်သိမ်းရန် စစ်ရှောင်စခန်းများအား အတင်းအကြပ်ဖိအားပေးလျက်ရှိသည်။

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။