Connect with us

Hi, what are you looking for?

သတင်း

သိန္နီတိုက်ပွဲ စစ်ကောင်စီတပ်မှ ၃၀ကျော်သေဆုံးဟု MNDAA အသိပေး

ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် MNDAA ဘက်က ရဲဘော် တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း ယမန်နေ့တိုက်ပွဲ၌ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

(MNDAA ​မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - The KoKang)
(MNDAA ​မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - The KoKang)

▪️အလောင်းများကို ကားများဖြင့်အကြိမ်ကြိမ် သယ်ဆောင်သွားဟု ထုတ်ပြန်၊ ယမန်နေ့က တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီခရိုင်တွင် ကိုးကန့် တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ကျော် သေဆုံးခဲ့သည်ဟု MNDAAက ယနေ့ သတင်းထုတ်ပြန်သည်။

သိန္နီခရိုင်တွင် MNDAAနှင့် စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁၃ရက်နှင့် ၁၄ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

“ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်သား ၃၀ကျော် သေဆုံး ဒဏ်ရာရရှိခဲ့ပြီး ၁၄ရက်နေ့ နံနက် ၁နာရီတွင်စစ်ကောင်စီတပ်၏ လူနာတင်ယာဉ်များနှင့်စစ်ယာဉ်များ သည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အကြိမ်ပေါင်းများစွာ အပြန်အလှန် သွားလာလျက် ရှိပြီးစစ်ကောင်စီတပ်သားများ၏ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို သယ်ယူသွားခဲ့သည်” ဟု MNDAAက ထုတ်ပြန်သည်။

(MNDAA ​မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - The KoKang)
(MNDAA ​မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ – The KoKang)

ယမန်နေ့ တိုက်ပွဲသည်လည်း နံနက် ၁၁နာရီခွဲမှ စတင်ခဲ့ပြီး ၂နာရီကြာမြင့်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အသေအပျောက်ကိုမူ မသိရသေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် MNDAA ဘက်က ရဲဘော် တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း ယမန်နေ့တိုက်ပွဲ၌ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုရှိ၊မရှိ အခြေအနေကို မေးမြန်းရန် ကိုးကန့် သတင်းရင်းမြစ်အချို့ထံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် အာဏာသိမ်းကာလအတွင်း ကွတ်ခိုင်၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ ချင်းရွှေဟော်ဒေသများ၌ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။