Connect with us

Hi, what are you looking for?

သတင်း

ပင်​လောင်း နမ့်နိန်းရွာတွင် ယ​နေ့တိုက်ပွဲပြင်းထန်​နေဆဲ

ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF၊KA၊PDF (ဖး်ခုံ)၊ PDF (မိုးဗြဲ)၊ PNDF(KK)၊SSRY၊KRU နှင့် အခြားမဟာမိတ်တပ်ပေါင်စုများကခုခံတိုက်ခိုက်​နေသည်။

ပင်​လောင်း နမ့်နိန်းရွာတွင် ယ​နေ့တိုက်ပွဲပြင်းထန်​နေဆဲ
ပင်​လောင်း နမ့်နိန်းရွာတွင် ယ​နေ့တိုက်ပွဲပြင်းထန်​နေဆဲ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ယ​နေ့(မတ် ၁၃) တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း မြေပြင်ရှိ PDF ရဲ ဘော်များကPeople’s Spring သတင်းဌာနသို့ပြောသည်။

ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာတွင် ယနေ့(မတ်လ ၁၃ ရက်) နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ​တိုက်ပွဲဝင်​နေ​သောရဲ​​ဘော်များက​ပြောသည်။

“အဓိကတော့ စခ တပ်က သတ်လိုက်တဲ့ နမ့်နိန်းရွာ ဘုန်ကြီးကျောင်းဖြစ်စဥ်ကို ကျွန်တော်တို့ဘက်က သက်သေနဲ့တကွ တင်လိုက်နိုင်တယ်။ဒါကိုသူတို့ဘက်ကပြန်လာပြီးစစ်ကြောင်းလာထိုးနေတာလို့ ပြောလို့ရတယ်။အခုနေ့လည်ပိုင်းအထိ ပစ်ခတ်နေကြတုန်းပဲ”ဟု ပင်လောင်းမြို့တိုက်ပွဲတွင်ရှိနေသည့် DMO PDF ရဲဘော်တစ်ဦးက ရှင်းပြသည်။

ပင်လောင်းမြို့ နယ်စစ်မြေပြင်တွင် စစ်ကောင်စီ မှာ အထိနာလျက်ရှိပြီး လက်နက်ခဲယမ်းအချို့ကိုတော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိထား​ကြောင်းလည်းသိရ သည်။

Public Service Announcement

Public Service Announcement

ပင်​လောင်း နမ့်နိန်းရွာတွင် ယ​နေ့တိုက်ပွဲပြင်းထန်​နေဆဲ
ပင်​လောင်း နမ့်နိန်းရွာတွင် ယ​နေ့တိုက်ပွဲပြင်းထန်​နေဆဲ

“ကျွန်တော်တို့ ပူးပေါင်းတပ်ဘက်မှာလည်း ပြင်းထန်ဒဏ်ရာရတဲ့ ရဲဘော်တွေနဲ့ ကျတဲ့ ရဲဘော်အချို့ရှိနေပါတယ်”ဟု ကရင်နီပူးပေါင်းတပ်မှရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၁၁ ရက်နေ့က နမ့်နိန်းကျေးရွာတိုက်ပွဲတွင်စစ်တပ်ထံမှ 79ကျည် ၁၃လုံး၊MA-1 ကျည် တောင့် ၁,၆၀၀၊၊စုပုံး ခုနှစ်လုံး၊နင်းမိုင်း နှစ်လုံး၊MA- 1 ကျည်ဘောက် နှစ်ဘောက် ၊လက်ပစ်ဗုံး နှစ်လုံး၊ 60 မမ ပို့ယမ်း တစ်ထုပ် နှင့် အခြားပစ္စည်းများကိုKRU က သိမ်းဆည်းရရှိခဲ့​သေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း (၃) ပတ်ခန့် တိုက်ပွဲများဖြစ်ပွားပြီးနောက် မတ်လ (၁၁) ရက်နေ့ ၊နေ့လည် ၁၁ နာရီခန့်တွင် ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသော နမ်းနှိမ် ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကို စစ်ကောင်စီတပ်မှ မီးရှို့ ဖျက်ဆီးခဲ့သည်။

ထိုအပြင်​ရှေ့တန်းတိုက်ပွဲတွင်အထိနာခဲ့​သောစစ်အုပ်စုသည် နမ့်နိန်းရွာဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသည့် သံဃာနှင့် ပြည်သူ ၃၀ ခန့်ကို အစုလိုက် အပြုံလိုက်သတ် ဖြတ်မှုကျူးလွန်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။

ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF၊KA၊PDF (ဖး်ခုံ)၊ PDF (မိုးဗြဲ)၊ PNDF(KK)၊SSRY၊KRU နှင့် အခြားမဟာမိတ်တပ်ပေါင်စုများကခုခံတိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook