Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထံ မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီ ၂၉ ခုရှိနေ

ကျန်တဲ့ ပါတီတွေကတော့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာပဲ ပြိုင်ကြဖို့ မှတ်ပုံတင်ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က စစ်ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီအချို့ တွေ့ဆုံကြစဉ်
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က စစ်ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီအချို့ တွေ့ဆုံကြစဉ်

နိုင်ငံရေးပါတီမှတ်ပုံပြန်တင်ဖို့ အာဏာသိမ်း စစ်ကောင်စီက သတ်မှတ်ပေးထားတဲ့ ရက်မတိုင်ခင် ၁၀ ရက်အလို ဒီနေ့ အထိ မှတ်ပုံတင်ကြတဲ့ ပါတီ ၂၉ ခုရှိနေပါတယ်။

အဲဒီလို မှတ်ပုံတင်ကြတဲ့ ပါတီ ၂၉ ခုထဲမှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မယ်ဆိုတဲ့ ပါတီ ၇ ခု ရှိတယ်လို့ သိရပါတယ်။

ကျန်တဲ့ ပါတီတွေကတော့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာပဲ ပြိုင်ကြဖို့ မှတ်ပုံတင်ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြိုင်ဖို့ မှတ်ပုံတင်ထားကြတဲ့ ၇ ပါတီမှာ ကြံခိုင်ရေး ၊ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ၊ တစည ၊ ကျားဖြူပါတီ အမည်ပြောင်းထားတဲ့ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပါတီအများစုဟာ အာဏာသိမ်းစစ်ကောင်စီကိုထောက်ခံကြသူတွေ ဖွဲ့စည်းထားတဲ့ ပါတီတွေလည်းဖြစ်ကြပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးပါတီတွေကို ပြန်လည်မှတ်ပုံတင်ဖို့ အကြပ်ကိုင်ထားပြီး လက်ရှိ မတ်လ ၂၈ ရက်နောက်ဆုံးသတ်မှတ်ထားတာပါ။

မှတ်ပုံပြန်မတင်တဲ့ ပါတီတွေ ကို ဖျက်သိမ်းမယ်လို့လည်းဖိအားပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။