Connect with us

Hi, what are you looking for?

သတင်း

ဆင်မ​တောင်တွင်တပ်စွဲထား​သောစစ်တပ်ကို KNDF က စနိုက်ပါဖြင့်တိုက်ခိုက် ​လေးဦး​သေဟုထုတ်ပြန်

စနိုက်ပါဖြင့် ပစ်ခတ်သည့်တိုက်ပွဲတွင် KNDF တပ်ရင်း ၇ မှ တပ်၀င်(၂)ဦးမှာ မိုင်းနင်းမိ၍ ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

(KNDF မှတပ်ဖွဲ့ဝသ်တစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-KNDF B-05)
(KNDF မှတပ်ဖွဲ့ဝသ်တစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-KNDF B-05)

▪︎KNDFတပ်ဖွဲ့ဝင် ၂ ဦးမိုင်းနင်းမိ၍ဒဏ်ရာအပြင်းအထန်ရ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဆင်မတောင် တွင်တပ်စွဲထားသော စစ်ကောင်စီ တပ်သားသုံးဦးကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၄ ဦး​သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ က ယနေ့ ထုတ်ပြန်သည်။

KNDF တပ်ရင်း ၁၊၅၊၆ နှင့် ၇ မှ စနိုက်ပါ အဖွဲ့များက ပူးပေါင်း၍ ဆင်မ​​တောင် တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို မတ်လ ၁၁ ရက်နေ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဟု ​ဖော်ပြထားသည်။တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ​လေး ဦးသေဆုံးကြောင်း KNDF တပ်ရင်း ၅ က အတည်ပြုသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement
Public Service Announcement

“ဆင်မတောင်မှာက မနှစ်ကတည်းက စစ်ကောင်စီက အင်အား ၄၀ ကျော် ၅၀ လောက်နဲ့ တပ်စွဲထားတဲ့ နေရာ ဖြစ်တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ် က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စနိုက်ပါဖြင့် ပစ်ခတ်သည့်တိုက်ပွဲတွင် KNDF တပ်ရင်း ၇ မှ တပ်၀င်(၂)ဦးမှာ မိုင်းနင်းမိ၍ ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

စစ်ကြောင်းများစွာဖြင့် ကရင်နီဒေသအစုံသို့ ထိုးစစ် ဆင်လာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်း တပ်များက ခုခံ တိုက်ခိုက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဒေသတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီ စခန်းများကို ကရင်နီတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

မတ်လ ၁၆ ရက်က ကရင်နီပြည် သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီ၏ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုအား ကရင်နီတပ်မတော် KA၏ ကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်သိမ်း ဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook