Connect with us

Hi, what are you looking for?

သတင်း

NUGက ထိုင်းPTTကုမ္ပဏီကို စင်ကာပူတရားရုံးတွင် တရားစွဲရန်ပြင်ဆင်

စင်ကာပူအပြည်ပြည်ဆိုင်ရာအနုညာတစီရင်ဆုံးဖြတ်မှုဗဟိုသည် နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ အငြင်းပွားရာတွင် ဆုံးဖြတ်ပေးသည့် ဗဟိုတရားရုံးတစ်ခုဖြစ်သည်။

NUGစီမံကိန်း၊ဘဏ္ဍာ​ရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်
NUGစီမံကိန်း၊ဘဏ္ဍာ​ရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်

▪︎ပထမအဆင့်အနေဖြင့် ထိုင်းကုမ္ပဏီကို NUGက Demand Letter(တောင်းဆိုစာ)ယ​နေ့ပေးပို့ထားပြီးရက်​ပေါင်း ၃၀ အတွင်းပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားစွဲရန် စီစဉ်နေခြင်းဖြစ်

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများတွင် စစ်ကောင်စီနှင့် အဓိကပူးပေါင်းဆောင်ရွက်ပေးနေသည့် ထိုင်း PTTကုမ္ပဏီကို စင်ကာပူနိုင်ငံအနုညာတ တရားရုံးတွင် တရားစွဲရန် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က ပြင်ဆင်နေကြောင်း ယနေ့ပြောကြားလိုက်သည်။

ထိုသို့တရားစွဲရန် ပထမအဆင့်အနေဖြင့် ထိုင်းကုမ္ပဏီကို NUGက Demand Letter(တောင်းဆိုစာ) တခုကိုယ​နေ့ ( မတ်၂၀ )ပေးပို့ခဲ့ပြီး ထိုင်းကုမ္ပဏီအနေဖြင့် ရက်​ပေါင်း ၃၀ အတွင်းပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားစွဲရန် စီစဉ်နေခြင်းဖြစ်သည်ဟု NUGစီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဦးတင့်ထွန်းနိုင်ကပြောသည်။

“ပူးပေါင်းပါဝင်မှုပေါ်မှုတည်ပြီး ရှေ့ဆက်ဆောင်ရွက်သွားမှာပါ။ ပူးပေါင်းဆောင်ရွက်မှုအားနည်းရင် စင်ကာပူအနုညာတ တရားရုံးကို ဦးတိုက် လျှောက်ထားသွားပါမယ်”ဟု ဦးတင့်ထွန်းနိုင်ကဆိုသည်။

စင်ကာပူအပြည်ပြည်ဆိုင်ရာအနုညာတစီရင်ဆုံးဖြတ်မှုဗဟိုသည် နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ အငြင်းပွားရာတွင် ဆုံးဖြတ်ပေးသည့် ဗဟိုတရားရုံးတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

NUGက ထိုင်းကုမ္ပဏီထံပေးပို့သည့် တောင်းဆိုစာတွင် ကုမ္ပဏီနှင့် စစ်ကောင်စီကြားဆောင်ရွက်သည့် သတင်းအချက်ကိုတောင်းဆိုခြင်းနှင့် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များတောင်းဆိုခြင်းတို့ဖြစ်သည်။

ငွေပေးချေမှုများထဲတွင် ထိုင်းကုမ္ပဏီကMOGE(မြန်မာ့​ရေနံနှင့် သဘာဝဓါတ်​ငွေ့လုပ်ငန်း) ထံပေးသည့် အမြတ်အစွန်း၊ရှယ်ယာခွဲတမ်းနှင့်ပေးရန်ကျန်ရှိသည့် ကြွေးမြီများဖြစ်ပြီး ၎င်းတို့ကို NUGနှင့်ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံတောင်းဆိုခြင်းဖြစ်သည်။

“PTTက MOGEကို ငွေတွေ စီးဆင်းနေတာ တစ်ရက်ဆိုတစ်ရက် မြန်မာပြည်သူတွေနဲ့ အသက်သွေးတွေနဲ့ ချိတ်ဆက်နေပါတယ်။ ထိုင်းကုမ္ပဏီအနေနဲ့ မြန်မာပြည်သူများနှင့် သမိုင်းဝင်ပူးပေါင်းဆောင်ရွက်မှုပါ”ဟု ဦးတင့်ထွန်းနိုင်က​ပြောသည်။

တောင်းဆိုစာသည် ရက် ၃၀စောင့်ဆိုင်းမည်ဖြစ်ပြီး ထိုင်းကုမ္ပဏီအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမရှိပါကတရားဆွဲရန် ဥပဒေအကျိုးဆောင်ကုမ္ပဏီကိုလည်း စီစဉ်ထားပြီးဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။ PTT ကပူး​ပေါင်း​ဆောင်ရွက်သွားမည်ဟုလည်း ​မျှော်လင့်​ကြောင်းလည်း​ပြောသည်။

ထိုအတွက် တရားရုံးတွင် တရားစွဲ ခန့်မှန်းခြေ စုစု​ပေါင်းဒေါ်လာ ၅သိန်းဝန်းကျင်ကုန်ကျမှာဖြစ်ပြီး ယင်းကုန်ကျငွေအတွက် ဖောင်ဒေးရှင်း ၃ ခုကို အကူအညီတောင်းခံထားသည်ဟုလည်းသိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ သဘာဝဓါတ်​ငွေ့လျှပ်စစ်မှ မီးထုတ်လုပ်မှုသည့် ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းခန့်သာရှိပြီး မြန်မာပြည်မှ ဓာတ်ငွေ့တင်သွင်းမှုရပ်တန့်သွားပါကလည်း ထိုင်းနိုင်ငံအနေဖြင့် အခြားနည်းလမ်းအစားထိုးရန် စီစဉ်ထားပြီးဖြစ်ကြောင်းလည်း ဦးတင့်ထွန်းနိုင်က​​ပြောသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့မှ စစ်ကောင်စီသည် တနှစ်လျှင် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့်ဝင်ငွေရှိနေကြောင်းလည်း NUGကဆိုသည်။ ထိုငွေများဖြင့် ပြည်သူများကိုသတ်ဖြတ်ရန် လက်နက်ခဲယမ်းများဝယ်ယူနေခြင်းဖြစ်သည်ဟုလည်းဆိုသည်။ ပြီးခဲ့သည့် ​လေးလ အတွင်းကပင် ​ရေနံနှင့်သဘာဝဓါတ်​​ငွေ့​ရောင်းချရာမှ ​တစ်လလျှင် ​ဒေါ်လာ သန်း ၂၀၀ ​လေးလအတွင်း​ဒေါ်လာ သန်း ၈၀၀ ခန့်စစ်​ကောင်စီကရရှိ​ကြောင်းလည်းNUG က​ပြောသည်။ စစ်​ကောင်စီက အဆိုပါနိုင်ငံခြားဝင်​ငွေ့ကို အသုံးပြု၍ ပြည်သူများအ​ပေါ် ဗုံးကြဲခြင်း ၊​နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ၊ဖမ်းဆီးသတ်ဖြတ်ခြင်းစ​သောအကြမ်းဖက်မှုများကိုတိုးလုပ်နိုင်ရန် သဘာဝဓါတ်​ငွေ့​ရောင်းချရာမှ ရ​သော​ဒေါ်လာများမှ စစ်အုပ်စုအတွက်ဘအဓိကအ​ထောက်အပံ့ဖြစ်​နေ​ကြောင်းNUG က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။