Connect with us

Hi, what are you looking for?

သတင်း

NUGက ထိုင်းPTTကုမ္ပဏီကို စင်ကာပူတရားရုံးတွင် တရားစွဲရန်ပြင်ဆင်

စင်ကာပူအပြည်ပြည်ဆိုင်ရာအနုညာတစီရင်ဆုံးဖြတ်မှုဗဟိုသည် နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ အငြင်းပွားရာတွင် ဆုံးဖြတ်ပေးသည့် ဗဟိုတရားရုံးတစ်ခုဖြစ်သည်။

NUGစီမံကိန်း၊ဘဏ္ဍာ​ရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်
NUGစီမံကိန်း၊ဘဏ္ဍာ​ရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်

▪︎ပထမအဆင့်အနေဖြင့် ထိုင်းကုမ္ပဏီကို NUGက Demand Letter(တောင်းဆိုစာ)ယ​နေ့ပေးပို့ထားပြီးရက်​ပေါင်း ၃၀ အတွင်းပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားစွဲရန် စီစဉ်နေခြင်းဖြစ်

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများတွင် စစ်ကောင်စီနှင့် အဓိကပူးပေါင်းဆောင်ရွက်ပေးနေသည့် ထိုင်း PTTကုမ္ပဏီကို စင်ကာပူနိုင်ငံအနုညာတ တရားရုံးတွင် တရားစွဲရန် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က ပြင်ဆင်နေကြောင်း ယနေ့ပြောကြားလိုက်သည်။

ထိုသို့တရားစွဲရန် ပထမအဆင့်အနေဖြင့် ထိုင်းကုမ္ပဏီကို NUGက Demand Letter(တောင်းဆိုစာ) တခုကိုယ​နေ့ ( မတ်၂၀ )ပေးပို့ခဲ့ပြီး ထိုင်းကုမ္ပဏီအနေဖြင့် ရက်​ပေါင်း ၃၀ အတွင်းပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားစွဲရန် စီစဉ်နေခြင်းဖြစ်သည်ဟု NUGစီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဦးတင့်ထွန်းနိုင်ကပြောသည်။

“ပူးပေါင်းပါဝင်မှုပေါ်မှုတည်ပြီး ရှေ့ဆက်ဆောင်ရွက်သွားမှာပါ။ ပူးပေါင်းဆောင်ရွက်မှုအားနည်းရင် စင်ကာပူအနုညာတ တရားရုံးကို ဦးတိုက် လျှောက်ထားသွားပါမယ်”ဟု ဦးတင့်ထွန်းနိုင်ကဆိုသည်။

စင်ကာပူအပြည်ပြည်ဆိုင်ရာအနုညာတစီရင်ဆုံးဖြတ်မှုဗဟိုသည် နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ အငြင်းပွားရာတွင် ဆုံးဖြတ်ပေးသည့် ဗဟိုတရားရုံးတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

NUGက ထိုင်းကုမ္ပဏီထံပေးပို့သည့် တောင်းဆိုစာတွင် ကုမ္ပဏီနှင့် စစ်ကောင်စီကြားဆောင်ရွက်သည့် သတင်းအချက်ကိုတောင်းဆိုခြင်းနှင့် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များတောင်းဆိုခြင်းတို့ဖြစ်သည်။

ငွေပေးချေမှုများထဲတွင် ထိုင်းကုမ္ပဏီကMOGE(မြန်မာ့​ရေနံနှင့် သဘာဝဓါတ်​ငွေ့လုပ်ငန်း) ထံပေးသည့် အမြတ်အစွန်း၊ရှယ်ယာခွဲတမ်းနှင့်ပေးရန်ကျန်ရှိသည့် ကြွေးမြီများဖြစ်ပြီး ၎င်းတို့ကို NUGနှင့်ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံတောင်းဆိုခြင်းဖြစ်သည်။

“PTTက MOGEကို ငွေတွေ စီးဆင်းနေတာ တစ်ရက်ဆိုတစ်ရက် မြန်မာပြည်သူတွေနဲ့ အသက်သွေးတွေနဲ့ ချိတ်ဆက်နေပါတယ်။ ထိုင်းကုမ္ပဏီအနေနဲ့ မြန်မာပြည်သူများနှင့် သမိုင်းဝင်ပူးပေါင်းဆောင်ရွက်မှုပါ”ဟု ဦးတင့်ထွန်းနိုင်က​ပြောသည်။

တောင်းဆိုစာသည် ရက် ၃၀စောင့်ဆိုင်းမည်ဖြစ်ပြီး ထိုင်းကုမ္ပဏီအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမရှိပါကတရားဆွဲရန် ဥပဒေအကျိုးဆောင်ကုမ္ပဏီကိုလည်း စီစဉ်ထားပြီးဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။ PTT ကပူး​ပေါင်း​ဆောင်ရွက်သွားမည်ဟုလည်း ​မျှော်လင့်​ကြောင်းလည်း​ပြောသည်။

ထိုအတွက် တရားရုံးတွင် တရားစွဲ ခန့်မှန်းခြေ စုစု​ပေါင်းဒေါ်လာ ၅သိန်းဝန်းကျင်ကုန်ကျမှာဖြစ်ပြီး ယင်းကုန်ကျငွေအတွက် ဖောင်ဒေးရှင်း ၃ ခုကို အကူအညီတောင်းခံထားသည်ဟုလည်းသိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ သဘာဝဓါတ်​ငွေ့လျှပ်စစ်မှ မီးထုတ်လုပ်မှုသည့် ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းခန့်သာရှိပြီး မြန်မာပြည်မှ ဓာတ်ငွေ့တင်သွင်းမှုရပ်တန့်သွားပါကလည်း ထိုင်းနိုင်ငံအနေဖြင့် အခြားနည်းလမ်းအစားထိုးရန် စီစဉ်ထားပြီးဖြစ်ကြောင်းလည်း ဦးတင့်ထွန်းနိုင်က​​ပြောသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့မှ စစ်ကောင်စီသည် တနှစ်လျှင် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့်ဝင်ငွေရှိနေကြောင်းလည်း NUGကဆိုသည်။ ထိုငွေများဖြင့် ပြည်သူများကိုသတ်ဖြတ်ရန် လက်နက်ခဲယမ်းများဝယ်ယူနေခြင်းဖြစ်သည်ဟုလည်းဆိုသည်။ ပြီးခဲ့သည့် ​လေးလ အတွင်းကပင် ​ရေနံနှင့်သဘာဝဓါတ်​​ငွေ့​ရောင်းချရာမှ ​တစ်လလျှင် ​ဒေါ်လာ သန်း ၂၀၀ ​လေးလအတွင်း​ဒေါ်လာ သန်း ၈၀၀ ခန့်စစ်​ကောင်စီကရရှိ​ကြောင်းလည်းNUG က​ပြောသည်။ စစ်​ကောင်စီက အဆိုပါနိုင်ငံခြားဝင်​ငွေ့ကို အသုံးပြု၍ ပြည်သူများအ​ပေါ် ဗုံးကြဲခြင်း ၊​နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ၊ဖမ်းဆီးသတ်ဖြတ်ခြင်းစ​သောအကြမ်းဖက်မှုများကိုတိုးလုပ်နိုင်ရန် သဘာဝဓါတ်​ငွေ့​ရောင်းချရာမှ ရ​သော​ဒေါ်လာများမှ စစ်အုပ်စုအတွက်ဘအဓိကအ​ထောက်အပံ့ဖြစ်​နေ​ကြောင်းNUG က​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လိင်ပြောင်းလဲထားတဲ့ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ ရဲဘော်တွေ ပြောဆိုလေ့ရှိတဲ့ ဗန်းစကားတစ်ခုရှိပါတယ်။ ‘ပွဲကတယ်’ဆိုတဲ့ စကားပါ။

သတင်း

ထိုင်းအာဏာပိုင်တွေ လိုက်လံ ဖမ်းဆီးရာက မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလာသူတွေ လိုက်ပါလာတဲ့ မော်တော်ကား တစ်စီးဟာ မြစ်ထဲ ကျသွားခဲ့ကြောင်း သိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးသည်ပြည်တွင်း၌ ရှိနေပြီးလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ဦးဆောင်ကိုင်တွယ်နေသည်။