Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရာအိမ်မှူး ၂ ဦးပစ်ခတ်ခံရ

အောင်မြေသာစံမြို့နယ်၊ အမရ ဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၇လမ်းနဲ့ ၈လမ်းကြား မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာပစ်ခတ်ခံရတာပါ။

မန္တလေးမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရာအိမ်မှူး ၂ ဦးပစ်ခတ်ခံရ
မန္တလေးမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရာအိမ်မှူး ၂ ဦးပစ်ခတ်ခံရ

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်း ၈ နာရီခန့်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရာအိမ်မှူး ၂ ဦး ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

အောင်မြေသာစံမြို့နယ်၊ အမရ ဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၇လမ်းနဲ့ ၈လမ်းကြား မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာပစ်ခတ်ခံရတာပါ။

ပစ်ခတ်ခံရသူ ၂ဦးဟာ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၁၉ /က) ရဲ့ ရာအိမ်မှူး ဦးဝင်းကိုနဲ့ အကွက်(၁၉/ခ)ရဲ့ ရာအိမ်မှူး ဦးစိုးနိုင်တို့ဖြစ်တယ်လို့သိရပါတယ်။

အဲဒီအမျိုးသား ၂ ဦးလုံး အသက် ၆၀ ကျော်အရွယ်တွေရှိကြပြီဖြစ်ပြီး ဦးစိုးနိုင်က နားထင်မှန်ပြီး ၊ ဦးဝင်းကိုကတော့ ဗိုက်ထိသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

၂ ဦးလုံးအခြေအနေစိုးရိမ်ရပြီး မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ထားပါတယ်။

လက်ဖက်ရည်ဆိုင်ကို လူငယ် ၃ ဦး သေနတ်နဲ့လာပစ်သွားတာလို့စစ်အုပ်စုဘက်က စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။