မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်း ၈ နာရီခန့်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရာအိမ်မှူး ၂ ဦး ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။
အောင်မြေသာစံမြို့နယ်၊ အမရ ဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၇လမ်းနဲ့ ၈လမ်းကြား မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာပစ်ခတ်ခံရတာပါ။
ပစ်ခတ်ခံရသူ ၂ဦးဟာ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၁၉ /က) ရဲ့ ရာအိမ်မှူး ဦးဝင်းကိုနဲ့ အကွက်(၁၉/ခ)ရဲ့ ရာအိမ်မှူး ဦးစိုးနိုင်တို့ဖြစ်တယ်လို့သိရပါတယ်။
အဲဒီအမျိုးသား ၂ ဦးလုံး အသက် ၆၀ ကျော်အရွယ်တွေရှိကြပြီဖြစ်ပြီး ဦးစိုးနိုင်က နားထင်မှန်ပြီး ၊ ဦးဝင်းကိုကတော့ ဗိုက်ထိသွားတယ်လို့သိရပါတယ်။
၂ ဦးလုံးအခြေအနေစိုးရိမ်ရပြီး မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ထားပါတယ်။
လက်ဖက်ရည်ဆိုင်ကို လူငယ် ၃ ဦး သေနတ်နဲ့လာပစ်သွားတာလို့စစ်အုပ်စုဘက်က စွပ်စွဲထားပါတယ်။
