Connect with us

Hi, what are you looking for?

သတင်း

အမရပူရမြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အစောင့်ရဲတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

မတ်လ ၂၂ ရက် နေ့လည် ၁နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သားအားလုံးဘေးကင်းကြောင်း ဆိုသည်။

(အမရပူရမြို့နယ်တရားရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(အမရပူရမြို့နယ်တရားရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ပြည်သူများအား မတရားဖမ်းဆီးအမိန့်ချနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမရပူရမြို့နယ်တရားရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ တရားရုံးအစောင့်ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေး မန္တလေး(AST-MDY)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရုံးအတွင်း ကင်းချထားတဲ့ ဘန်ကာထဲ ပစ်သွင်းခဲ့ပါတယ်။ထိရောက်မှုကတော့ ကွက်တိပါပဲ” ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

မတ်လ ၂၂ ရက် နေ့လည် ၁နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သားအားလုံးဘေးကင်းကြောင်း ဆိုသည်။

Public Service Announcement
Public Service Announcement

“စကစနှင့် သက်ဆိုင်သည့်မည်သည့် နေရာမဆို ကျွန်ုပ်တို့အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များမှ စစ်ဆင်ရေးပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်သည်။”ဟု AST-MDY က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အောင်စည်တော်စစ်ဆင်ရေး‌အနေဖြင့် မတ်လ ၂၀ရက်ကလည်း ချမ်းအေးသာစံမြို့နယ်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးကို တိုက်ခိုက်ခဲ့ရာ ဒုဦးစီးမှူးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ငလျင်ရှောင်ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအိမ်အနီးက ပိုးထည်တိုက် ဖောက်ထွင်းခံရပြီး ကျပ်သိန်းလေးရာဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။