Connect with us

Hi, what are you looking for?

သတင်း

လူ ၂၀၀ ဝန်းကျင်ဆုံးပါးခဲ့ရတဲ့ မန္တလေး ဗုံးအိုးရွာ အကူအညီလိုအပ်နေ

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဧပြီ -၁ ၊ ၂၀၂၅/People’s Spring

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မတ်လ ၂၈ ရက်မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဗုံးအိုးရွာက ဗလီ တွေ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုဖြစ်ခဲ့တာပါ။

အဲဒီနေ့က သောကြာနေ့ဖြစ်သလို အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုချိန် လည်းဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်သေဆုံးသူများပြားခဲ့တာပါ။ ရွာခံ ရဲ့ပြောပြချက်အရ ဗလီ လေးလုံး လုံးဝနီးပါးပြိုကျခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1199393261531869

“ ရွာအလယ်ပိုင်းက ဗလီတစ်ခုတည်းတင် ၁၀၀ကျော်လောက်ဆုံးသွားတယ် ”လို့ ဗုံးအိုး ရွာခံ အမျိုးသမီးကပြောပါတယ်။

ရွာထဲ က နေအိမ်အများစုလည်းပျက်စီးသွားတဲ့အတွက် ရွာအပြင်ဘက်ကွင်းပြင််မှာ မိုးကာတဲထိုးပြီး နေထိုင်ကြရပါတယ်။

“ ဖြစ်သလို မိုးကာတဲနဲ့ပဲနေပူထဲနေကြတယ်၊ ရွာအနေနဲ့ ကိုယ်ထူကိုယ်ထပဲလုပ်နေရတယ်၊ ကူညီတဲ့သူတွေလာပေမယ့် လိုအပ်ချက်တွေအများကြီးပါ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

ဗုံးအိုးကျေးရွာဟာ အမရပူရမြို့နယ် ၊ ၊ စစ်ကိုင်း-မန္တလေး ကားလမ်းနဲ့ သုံး မိုင်ခန့် သာ ဝေးပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။