Connect with us

Hi, what are you looking for?

သတင်း

လူ ၂၀၀ ဝန်းကျင်ဆုံးပါးခဲ့ရတဲ့ မန္တလေး ဗုံးအိုးရွာ အကူအညီလိုအပ်နေ

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဧပြီ -၁ ၊ ၂၀၂၅/People’s Spring

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မတ်လ ၂၈ ရက်မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဗုံးအိုးရွာက ဗလီ တွေ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုဖြစ်ခဲ့တာပါ။

အဲဒီနေ့က သောကြာနေ့ဖြစ်သလို အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုချိန် လည်းဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်သေဆုံးသူများပြားခဲ့တာပါ။ ရွာခံ ရဲ့ပြောပြချက်အရ ဗလီ လေးလုံး လုံးဝနီးပါးပြိုကျခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ ရွာအလယ်ပိုင်းက ဗလီတစ်ခုတည်းတင် ၁၀၀ကျော်လောက်ဆုံးသွားတယ် ”လို့ ဗုံးအိုး ရွာခံ အမျိုးသမီးကပြောပါတယ်။

ရွာထဲ က နေအိမ်အများစုလည်းပျက်စီးသွားတဲ့အတွက် ရွာအပြင်ဘက်ကွင်းပြင််မှာ မိုးကာတဲထိုးပြီး နေထိုင်ကြရပါတယ်။

“ ဖြစ်သလို မိုးကာတဲနဲ့ပဲနေပူထဲနေကြတယ်၊ ရွာအနေနဲ့ ကိုယ်ထူကိုယ်ထပဲလုပ်နေရတယ်၊ ကူညီတဲ့သူတွေလာပေမယ့် လိုအပ်ချက်တွေအများကြီးပါ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

ဗုံးအိုးကျေးရွာဟာ အမရပူရမြို့နယ် ၊ ၊ စစ်ကိုင်း-မန္တလေး ကားလမ်းနဲ့ သုံး မိုင်ခန့် သာ ဝေးပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုတဲ့အလုပ် လာလုပ်နေတဲ့ ချောင်းဦးက စစ်ရှောင်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။