Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနှင့် တောင်သာမြို့နယ်ရှိ ရဲစခန်း နှင့် စစ်အုပ်စုအား တိုက်ခိုက်

နွားထိုးကြီးနှင့် မြင်းခြံမြို့တို့သ​ည် မန္တလေးတိုင်းအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။

(မင်းရွာမှထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့စဥ်)
(မင်းရွာမှထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့စဥ်)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်တို့ရှိ မြို့မရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစစ်ကြောင်းများအား ဒရုန်းများဖြင့် တိုက်ခိုက်ရာ သုံးဦးဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

မတ်လ ၂၁ ရက် ည ၈နာရီခန့်နှင့် ၁၀နာရီခန့်က နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းအားဒရုန်းဖြင့် ဗုံးသီး ရှစ်လုံးကို နှစ်ကြိမ်ခွဲ၍ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ များကြောင်း Natogyi People Defence Force၏ သတင်းတာဝန်ခံက ပြောသည်။

မတ်လ ၂၂ ရက် နံနက် ၈ နာရီခန့်ကလည်းနွားထိုးကြီးမြို့နယ်၊ မင်းရွာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း NPDF၏ သတင်းတာဝန်ခံက ပြောသည်။

“မင်းရွာမှာ တပ်စွဲထားတာကြာပြီ။ မကြာခဏလည်းအတိုက်ခံရတယ်။ နွားထိုးကြီးနယ်က စစ်ကိုင်းတိုင်းထဲက မြို့နယ်တစ်ခုလိုဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (မတ်လ ၂၃ ရက်)က မြင်းခြံခရိုင် တောင်သာမြို့နယ်၊ တမန်ကြီးကျေးရွာရှိ စစ်ဆေးရေးဂိတ်အား ပြင်းအားမြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့်ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း NPDF၏ သတင်းတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၁၊ ၃ ၊ ၄တပ်ရင်းနှင့် Myingyan District Drone Strike Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

နွားထိုးကြီးနှင့် မြင်းခြံမြို့တို့သ​ည် မန္တလေးတိုင်းအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။