Connect with us

Hi, what are you looking for?

သတင်း

ဘားအံညောင်ကုန်းရဲစခန်းကိုပူးပေါင်းအဖွဲ့ဝင်တိုက် စစ်သား ၁၀ ဦးခန့်သေ၊ ပူး​ပေါင်းအဖွဲ့မှရဲ​ဘော် ၃ဦးကျဆုံး

တော်လှန်ရေး ၂ နှစ်တာကာလအတွင်း စစ်ကောင်စီအနေဖြင့် အတော်လေးအထိနာနေပြီး တော်လှန်ရေးအင်အားစုများက တိုက်ပွဲထဲမှ သင်ခန်းစာများယူကာ လက်နက်တပ်ဆင်မှုလည်း တဖြည်းဖြည်းအားကောင်းလာမည်ဆိုပါက အောင်ပွဲပိုရနိုင်သည်ဟု မောင်ဆောင်းခက သုံးသပ်​ပြောကြားသည်။

(​ရှေ့တန်းတစ်​နေရာမှBPLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-BPLA)
(​ရှေ့တန်းတစ်​နေရာမှBPLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-BPLA)
▪︎”ဒီတစ်ပတ်ထဲမှာတင် တော်လှန်ရေးအင်အားစုတွေက သူတို့စခန်းတွေကို တက်သိမ်းနေတာ မြင်ကြမယ်ထင်ပါတယ်။ သူ(အာဏာသိမ်း​ခေါင်း​ဆောင်)ချေမှုန်းလို့ရမယ်ဆို ERO နဲ့ PDF တွေဆိုတာ ပေါ်လာမှာမဟုတ်ပါဘူး”

BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ညောင်ကုန်းရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦး​ဆောင်​သောပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၂ ရက်တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကွပ်ကဲရေးမှူး မောင်ဆောင်းခက​ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ ရဲစခန်းကို သိမ်းပိုက်ရရှိလုနီးဖြစ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒဏ်ရာရရဲဘော်များ ရှိလာ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်သည်။

“စစ်ရေးလုံခြုံမှုအရ ရက်ခွာပြီးမှ သတင်းထုတ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ စခန်းကို ရခါနီးအချိန်ကျမှ ရန်သူဘက်က စက်လက်ပစ်ကူရောက်လာလို့ ပြန်ဆုတ်လာခဲ့ရပါတယ်။ တိုက်ပွဲပထမတစ်ပိုင်းလုံး ကျနော်တို့ဘက်က အသာစီးရခဲ့တာဖြစ်လို့ ရန်သူဘက်က (၁၀)ခန့်ကျခဲ့ပြီး ကျနော်တို့က (၃)ဦးကျပါတယ်” ဟု BPLA ကွပ်ကဲရေးမှူးကပြောသည်။

Public Service Announcement
Public Service Announcement

တော်လှန်ရေး ၂ နှစ်တာကာလအတွင်း စစ်ကောင်စီအနေဖြင့် အတော်လေးအထိနာနေပြီး တော်လှန်ရေးအင်အားစုများက တိုက်ပွဲထဲမှ သင်ခန်းစာများယူကာ လက်နက်တပ်ဆင်မှုလည်း တဖြည်းဖြည်းအားကောင်းလာမည်ဆိုပါက အောင်ပွဲပိုရနိုင်သည်ဟု မောင်ဆောင်းခက သုံးသပ်​ပြောကြားသည်။

Public Service Announcement

Public Service Announcement

“သေချာတာကတော့ကျနော်တို့ကဘာမှမရှိတဲ့အခင်းအကျင်းကနေ ဒီလိုတိုက်ပွဲဝင်နေနိုင်တဲ့ တပ်ဖွဲ့တွေအဖြစ်တိုးတက်လာတာဖြစ်ပြီး စစ်ကောင်စီကကျတော့ ပြည့်စုံနေတဲ့အခြေအနေကနေ နေ့စဥ်နဲ့အမျှ ဆုတ်ယုတ်ကျဆင်းနေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စသည့်တော်လှန်ရေးအင်အားစုများကို နှိမ်နင်းချေမှုန်းမည်ဟု ပြောဆိုမှုအပေါ် အထက်ပါ BPLA ကွပ်ကဲရေးမှူးက “စစ်ပွဲဆိုတာကတော့လျင်သူစားကြေးပဲ။ ဒီတစ်ပတ်ထဲမှာတင် တော်လှန်ရေးအင်အားစုတွေက သူတို့စခန်းတွေကို တက်သိမ်းနေတာ မြင်ကြမယ်ထင်ပါတယ်။ သူချေမှုန်းလို့ရမယ်ဆို ERO နဲ့ PDF တွေဆိုတာ ပေါ်လာမှာမဟုတ်ပါဘူး” ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု