Connect with us

Hi, what are you looking for?

သတင်း

NUG နဲ့ချိတ်ပြီး စာသင်လို့ဆိုကာ အမျိုးသမီးတွေအပါအဝင်၁၅ ဦး မန္တလေးမှာအဖမ်းခံရ

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ Federal School of Aung Myay Thar Zan ကျောင်းမှာ စာရင်းပေးပြီး တက်ရောက်တဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ မိဘတွေကိုပါ အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

NUG နဲ့ချိတ်ပြီး စာသင်လို့ဆိုကာ အမျိုးသမီးတွေအပါအဝင်၁၅ ဦး မန္တလေးမှာအဖမ်းခံရ
NUG နဲ့ချိတ်ပြီး စာသင်လို့ဆိုကာ အမျိုးသမီးတွေအပါအဝင်၁၅ ဦး မန္တလေးမှာအဖမ်းခံရ

NUG အစိုးရ နဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကနေ တရားမဝင်စာသင်လို့ဆိုပြီး စစ်ကောင်စီဟာ မန္တလေးမှာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

Federal School of Aung Myay Thar Zan အမည်နဲ့ စာသင်တဲ့ ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့်အပါအဝင် ၁၅ ဦးကို ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်အတွင်းဖမ်းဆီးလိုက်တာလို့ စစ်ကောင်စီကမနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဖမ်းဆီးထားတဲ့ ၁၅ ဦးမှာ အမျိုးသမီး ၁၃ ဦးနဲ့ အမျိုးသား ၂ ဦးပါဝင်တာတွေ့ရပါတယ်။

သူတို့တွေဟာ NUG နဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကနေ စာသင်ကြားပေးနေတာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ကျောင်းသားတွေထံက ကောက်ခံရတဲ့ ငွေကြေးကို NUG ကိုထောက်ပံ့တယ်လို့လည်း စစ်ကောင်စီ က စွပ်စွဲပါသေးတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ Federal School of Aung Myay Thar Zan ကျောင်းမှာ စာရင်းပေးပြီး တက်ရောက်တဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ မိဘတွေကိုပါ အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook