Connect with us

Hi, what are you looking for?

News

ဘတ်ဂျက်လိုငွေ ဒေါ်လာသန်း ၈၀၀ မကြာခင်ရတော့မယ်လို့ NUG ဝန်ကြီးပြော

“NUG တခုလုံးရဲ့ ဘက်ဂျက်လိုအပ်ချက်က ဒေါ်လာ သန်း ၈၀၀ ပါ။ ရအောင်လဲ လုပ်နေပါတယ်။ မကြာခင် ရတော့မှာပါ”လို့ NUG ဝန်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဘတ်ဂျက်လိုငွေ ဒေါ်လာ သန်း၈၀၀ကို ရရှိအောင်လုပ် ဆောင်နေပြီး မကြာခင် ရရှိတော့မယ်လို့ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အသိပေးပါတယ်။

“NUG တခုလုံးရဲ့ ဘက်ဂျက်လိုအပ်ချက်က ဒေါ်လာ သန်း ၈၀၀ ပါ။ ရအောင်လဲ လုပ်နေပါတယ်။ မကြာခင် ရတော့မှာပါ”လို့ NUG ဝန်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာပါ။

ပြည်သူတွေက NUG/CRPH ကို လှူထားတဲ့ ဒေါ်လာ ၁၇ သန်းကျော်ကို လက်နက်ဝယ်ယူတာ၊ သင်တန်းစရိတ်အတွက်အသုံးပြုတာ၊ လိုအပ်တဲ့ CDM တွေကို ကူညီထောက်ပံ့တာ စတာတွေမှာ သုံးစွဲတယ်လို့ ရှင်းလင်းထားပါတယ်။

ဘဏ္ဍာရေးဌာနမှာ စာရင်းပြုစုပေးတဲ့ နိုင်ငံတကာအဆင့်လက်မှတ်ထားတဲ့ ပညာရှင်တွေ များစွာ လုပ်အားပေးနေကြပြီး စာရင်းစစ်လည်း ရှိကြောင်း ဝန်ကြီးဒေါက်တာတူးခေါင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Local PDF)တွေကို လက် နက်တပ်ဆင်ပေးဖို့ လုပ်ဆောင်နေပြီး လိုအပ်ချက်များစွာရှိတဲ့အတွက် စောင့်ဆိုင်းဖို့လိုတယ်လို့ ဆိုပါတယ်။

“တနိုင်ငံလုံးမှာရှိတဲ့ သိန်းချီသော PDF တွေအတွက် လိုအပ်ချက်တွေတော့ အများကြီးပါ။ တစ်မြို့နယ် အလက် ၁၀၀ ပေးဖို့ ဆိုရင်တောင် ၃၃၀၀၀ လိုအပ်တယ်။ လက်ရှိ အလှူခံထားတဲ့ ဒေါ်လာ ၁၇သန်း ဖိုး ဝယ်ရင်တောင် အလက် ၅၀၀၀ လောက်ပဲရမယ်။ အံ့သြဖို့ကောင်းတာက အဲ့ထက်မက တော့ဘူး”လို့ သူက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook