Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

PDFအလံလာဖြုတ်သည့်စစ်သားများကို မိုင်းခွဲတိုက်ခိုက်

မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြိးနောက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း​ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

(ပြည်သူ့ကာကွယ်ရးတပ်မတာ်(PDF)အလံ​နှင့်တပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ-​တောင်ပိုင်တိုင်းစစ်​ဒေသ)
(ပြည်သူ့ကာကွယ်ရးတပ်မတာ်(PDF)အလံ​နှင့်တပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ-​တောင်ပိုင်တိုင်းစစ်​ဒေသ)

တနသ်ာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် တပ်ဆုတ်သွားသည့်နေရာတွင် တော်လှန်ရေးရဲဘော်များက PDF အလံလွှင့်ထူထားရာ ၎င်းအလံအား လာရောက်ဖြုတ်ယူသည့် စစ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ် ရင်း (၁)က ပြော သည်။

ယနေ့ (ဧပြီ ၇ ရက်)နေ့လယ် ၂ နာရီခန် ပုလောမြို့နယ် မင်းထိန်ကျေးရွာဘက်မှ ပဝတ်ကုန်းဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ခြေကျင်စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၄)ဦးခန့် မိုင်းထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟုဆိုသည်။

“သူတို့(စစ်တပ်)ပထမလာတာကမင်းထိန်ဘက်ကနေအရင်လာတာ။အဲဒါကိုမင်းထိန်နဲ့ပဝတ်ကုန်းကြားမှာတိုက်မိုင်းတစ်ကြိမ် ထိတယ်။ပြီးတော့ပဝတ်ကုန်းဘက်ဆက်ထွက်လာတော့ နောက်ထပ်တစ်ကြိမ် တိုက်မိုင်းထပ်ထိသွားတာ”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန် ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ဒုတိယအကြိမ် မိုင်းခွဲတိုက်ခိုက်မှုသည် ပဝတ်ကုန်းအနီးမှ စစ်ကောင်စီတပ် တပ်ဆုတ်သွားချိန် တော်လှန်ရေးရဲ ဘော်များက ယင်းနေရာ၌ PDF အလံတိုင်စိုက်ခဲ့သည့်အပြင် မိုင်းများဆင်ထားခဲ့ရာ အလံလာဖြုတ်သည့်တပ်ကိုဖောက်ခွဲတိုက်ခိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြိးနောက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း​ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

ပြီးခဲ့သည့် မတ် ၂၉ ရက်ကလည်း ပုလောမြို့အဝင် တံ တားထိပ်စစ်ဆေးရေးဂိတ်နှင့် ပုလောမြို့မရဲစခန်းတို့ကို PRDF က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။