Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများအားဖမ်းဆီးပြီး ပြန်ရွေးခိုင်းငွေရှာနေ

ဖမ်းဆီးမှုများကို ပုလောမြို့ ခမရ (၂၈၅)မှ မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ တစ်လတည်းတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၂၀ဦးခန့် ငွေဖြင့်ပြန်ရွေးခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၅ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၅ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - PS)

▪️အဖမ်းခံရပါက အနည်းဆုံးကျပ်သိန်း ၅၀ပေးနေရဟုဆို

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပြည်သူများအားဖမ်းဆီးကာ ငွေဖြင့်ပြန်ရွေးခိုင်းမှုများရှိနေကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁) PPDF မှတာဂန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ထိုသို့ စစ်တပ်က ဖမ်းဆီးငွေညှစ်နေခြင်းအား ပြည်သူများက မြိတ်ခရိုင် PDF တပ်ရင်း (၁)ထံ သတင်းပို့တိုင် ကြားလာခြင်းဖြစ်ပြီး ပြည်သူတစ်ဦးလျှင် ကျပ်သိန်း (၅၀)ခန့်မှ ကျပ်သိန်း (၁၀၀)ဝန်းကျင်အထိပေး၍ ပြန်ရွေးယူနေရသည်ဟု ဆိုသည်။

“ဖမ်းဆီးပြီး ပိုက်ဆံနဲ့ ပြန်ထုတ်ရတယ်။ အနည်းဆုံးသိန်း ၅၀ လောက်ပေးရတယ်။ တချို့ဆို ရာဂဏန်းအထိပေးရတာတွေလည်း ရှိတယ်”ဟု မြိတ်ခရိုင် ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးမှုများကို ပုလောမြို့ ခမရ (၂၈၅)မှ မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ တစ်လတည်းတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၂၀ဦးခန့် ငွေဖြင့်ပြန်ရွေးခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် ပုလောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများအနည်းငယ်ငြိမ်သက်နေပြီး စစ်ကောင်စီတပ်က မြို့ပေါ်အထိုင်တပ်အပြင် (၄)မိုင်နှင့် ထမင်းမစားကျေးရွာဘက်တွင် လှုပ်ရှားစစ်ကြောင်းတစ်ခုရှိနေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။