အဖမ်းခံရပါက အနည်းဆုံးကျပ်သိန်း ၅၀ပေးနေရဟုဆို
တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပြည်သူများအားဖမ်းဆီးကာ ငွေဖြင့်ပြန်ရွေးခိုင်းမှုများရှိနေကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁) PPDF မှတာဂန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
ထိုသို့ စစ်တပ်က ဖမ်းဆီးငွေညှစ်နေခြင်းအား ပြည်သူများက မြိတ်ခရိုင် PDF တပ်ရင်း (၁)ထံ သတင်းပို့တိုင် ကြားလာခြင်းဖြစ်ပြီး ပြည်သူတစ်ဦးလျှင် ကျပ်သိန်း (၅၀)ခန့်မှ ကျပ်သိန်း (၁၀၀)ဝန်းကျင်အထိပေး၍ ပြန်ရွေးယူနေရသည်ဟု ဆိုသည်။
“ဖမ်းဆီးပြီး ပိုက်ဆံနဲ့ ပြန်ထုတ်ရတယ်။ အနည်းဆုံးသိန်း ၅၀ လောက်ပေးရတယ်။ တချို့ဆို ရာဂဏန်းအထိပေးရတာတွေလည်း ရှိတယ်”ဟု မြိတ်ခရိုင် ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ဖမ်းဆီးမှုများကို ပုလောမြို့ ခမရ (၂၈၅)မှ မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ တစ်လတည်းတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၂၀ဦးခန့် ငွေဖြင့်ပြန်ရွေးခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
လတ်တလောတွင် ပုလောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများအနည်းငယ်ငြိမ်သက်နေပြီး စစ်ကောင်စီတပ်က မြို့ပေါ်အထိုင်တပ်အပြင် (၄)မိုင်နှင့် ထမင်းမစားကျေးရွာဘက်တွင် လှုပ်ရှားစစ်ကြောင်းတစ်ခုရှိနေကြောင်း စုံစမ်းသိရသည်။


















































