Connect with us

Hi, what are you looking for?

သတင်း

PDFအလံလာဖြုတ်သည့်စစ်သားများကို မိုင်းခွဲတိုက်ခိုက်

မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြိးနောက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း​ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

(ပြည်သူ့ကာကွယ်ရးတပ်မတာ်(PDF)အလံ​နှင့်တပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ-​တောင်ပိုင်တိုင်းစစ်​ဒေသ)
(ပြည်သူ့ကာကွယ်ရးတပ်မတာ်(PDF)အလံ​နှင့်တပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ-​တောင်ပိုင်တိုင်းစစ်​ဒေသ)

တနသ်ာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် တပ်ဆုတ်သွားသည့်နေရာတွင် တော်လှန်ရေးရဲဘော်များက PDF အလံလွှင့်ထူထားရာ ၎င်းအလံအား လာရောက်ဖြုတ်ယူသည့် စစ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ် ရင်း (၁)က ပြော သည်။

ယနေ့ (ဧပြီ ၇ ရက်)နေ့လယ် ၂ နာရီခန် ပုလောမြို့နယ် မင်းထိန်ကျေးရွာဘက်မှ ပဝတ်ကုန်းဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ခြေကျင်စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၄)ဦးခန့် မိုင်းထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟုဆိုသည်။

“သူတို့(စစ်တပ်)ပထမလာတာကမင်းထိန်ဘက်ကနေအရင်လာတာ။အဲဒါကိုမင်းထိန်နဲ့ပဝတ်ကုန်းကြားမှာတိုက်မိုင်းတစ်ကြိမ် ထိတယ်။ပြီးတော့ပဝတ်ကုန်းဘက်ဆက်ထွက်လာတော့ နောက်ထပ်တစ်ကြိမ် တိုက်မိုင်းထပ်ထိသွားတာ”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန် ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ဒုတိယအကြိမ် မိုင်းခွဲတိုက်ခိုက်မှုသည် ပဝတ်ကုန်းအနီးမှ စစ်ကောင်စီတပ် တပ်ဆုတ်သွားချိန် တော်လှန်ရေးရဲ ဘော်များက ယင်းနေရာ၌ PDF အလံတိုင်စိုက်ခဲ့သည့်အပြင် မိုင်းများဆင်ထားခဲ့ရာ အလံလာဖြုတ်သည့်တပ်ကိုဖောက်ခွဲတိုက်ခိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြိးနောက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း​ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

ပြီးခဲ့သည့် မတ် ၂၉ ရက်ကလည်း ပုလောမြို့အဝင် တံ တားထိပ်စစ်ဆေးရေးဂိတ်နှင့် ပုလောမြို့မရဲစခန်းတို့ကို PRDF က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ