Connect with us

Hi, what are you looking for?

သတင်း

ချင်း – မကွေးနယ်စပ်၌ တိုက်ပွဲပြင်းထန်နေဟု မင်းတပ် CDF အသိပေး

မင်းတပ် CDF၊ ယောဒေသ ကာကွယ်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ ယနေ့ ဧပြီ ၇ရက် နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း အသိပေးထားပြီး အသေးစိတ် အခြေအနေများကို ဖော်ပြမထားပေ။

(CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF မင်းတပ်)
(CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF မင်းတပ်)

▪️စစ်ကောင်စီ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေ၍ ပြည်သူများ သတိပြုနေထိုင်ရန် ထုတ်ပြန်

ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တစ်နေရာ၌ တိုက်ပွဲပြင်းထန်နေကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

မင်းတပ် CDF၊ ယောဒေသ ကာကွယ်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ ယနေ့ ဧပြီ ၇ရက် နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း အသိပေးထားပြီး အသေးစိတ် အခြေအနေများကို ဖော်ပြမထားပေ။

မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းရှိ စစ်ကောင်စီတပ်က မင်းတပ် မြို့နယ် ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပစ်ခတ်နေ၍ ပြည်သူများ အနေဖြင့် ယခုရက်ပိုင်း လူစုလူဝေး ပြုလုပ်ခြင်း၊ ရိုးရာပွဲသဘင် ပြုလုပ်ခြင်းများ ရှောင်ကြဉ်ကြရန် မင်းတပ် CDFက အရေးပေါ် အသိပေးချက်ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

“ဆောမြိုနယ်၊ ထီလင်းနယ်ဘက်က တက်လာတဲ့စကစပါ။ မင်းတပ်မြို့နယ်ထဲ တစ်မိုင်ခန့်လောက်ဝင်လာတာ”ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် အင်အား ၈၀ခန့်ပါဝင်ပြီး စစ်ကောင်စီတပ်သည် ယမန့်နေက ချင်းပြည်ဘက်သို့ရောက်ရှိလာသော်လည်း ချင်းပြည်ဆက်တက်မည် မဟုတ်ကြောင်း ၎င်းကသုံးသပ်သည်။

မကြာသေးမီ ရက်ပိုင်းများကလည်း ချင်း-မကွေးနယ်စပ် ယောဒေသဖြစ်သည့် ဆောမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ကို CDF၊PDF အပါအဝင် မဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးရှိခဲ့ကြောင်း ဆော PDF တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။